သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
၁ ကော 6:9 - Common Language Bible ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊- Garrad Bible မ တ ရား သူ တို့ သည် ဘု ရား သ ခင်၏ နိုင် ငံ တော် ကို မ ပိုင် ရ ကြောင်း သင် တို့ မ သိ ကြ လော။ အ ထင် မ လွဲ ကြ နှင့်။ မ တ ရား သော မေ ထုန် ပြု သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ယောက်ျား ချင်း မှား ယွင်း သူ၊ Judson Bible မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊- မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊ |
သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
ဒုစရိုက်မျိုးစေ့ကို ကြဲသောသူသည် ဒုက္ခစပါးကို ရိတ်ရမည်။ ဒေါသစိတ်ရှိ၍ ဒဏ်ပေးနိုင်သော တန်ခိုး လည်း ပျောက်လိမ့်မည်။
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
သူတစ်ပါး၏မယားနှင့်ကာမစပ်ယှက်ခြင်း မပြုရ။ ထိုသို့ပြုလျှင်သင်သည်ဘာသာ ရေးထုံးနည်းအရမသန့်စင်ချေ။-
ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
ထိုအခါကောင်းကင်တမန်က``တစ်နိုင်ငံလုံး အပေါ်သို့သက်ရောက်မည့်ကျိန်စာကိုထိုစာ လိပ်တွင်ရေးသားထားပါသည်။ စာလိပ်တစ် မျက်နှာ၌သူခိုးမှန်သမျှတို့သည် ဤနိုင်ငံ မှဖယ်ရှားခြင်းကိုခံရကြလိမ့်မည်ဟူ၍ လည်းကောင်း၊ အခြားတစ်မျက်နှာ၌မူမမှန် မကန်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူအပေါင်း တို့သည်သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြ လိမ့်မည်ဟူ၍လည်းကောင်းဖော်ပြထား ပါသည်။-
ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
``ယခုသင်တို့အားဘုရားသခင်၏လက် တော်သို့လည်းကောင်း၊ ကျေးဇူးတော်တရား သို့လည်းကောင်းငါအပ်နှံပါ၏။ ထိုကျေးဇူး တော်တရားသည်သင်တို့ကိုတည်ဆောက်၍ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့အတွက် လျာထားသည့်ကောင်းချီးမင်္ဂလာများကိုသင် တို့အားခံစားစေလိမ့်မည်။-
သို့ရာတွင်ပေါလုသည်ကောင်းမြတ်ခြင်း အကြောင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း အကြောင်းကိုလည်းကောင်း၊ သက်ရောက်လတ္တံ့ သောတရားစီရင်တော်မူရာနေ့ရက် အကြောင်းကိုလည်းကောင်း ဟောပြောသော အခါဖေလဇ်သည်ကြောက်လန့်သဖြင့် ``ယခု သင်သွားနိုင်ပြီ။ နောင်အခွင့်ကြုံသည့်အခါ သင့်ကိုငါခေါ်ဦးမည်'' ဟုဆို၏။-
အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
သင်တို့အယူအဆမမှားကြနှင့်။ ``အပေါင်း အသင်းမကောင်းလျှင်လူကောင်းပျက်စီးတတ် ၏။-''
ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ် တော်သည်သင်တို့အထဲ၌ကျိန်းဝပ်တော်မူ သည်ကိုလည်းကောင်းသိကြသည်မဟုတ်ပါ လော။-
မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။-
သို့မှာကြားရာတွင်ဤလောကရှိကာမဂုဏ် လိုက်စားသူများ၊ လောဘလွန်ကူးသူများ၊ သူခိုးများ၊ ရုပ်တုကိုးကွယ်သူများကိုမပေါင်း ဖော်ရဟုမဆိုလို။ ထိုသူတို့ကိုရှောင်ရှားရ မည်ဆိုပါကသင်တို့သည်ဤလောကမှ လုံးဝထွက်ခွာသွားရပေလိမ့်မည်။-
မိမိကိုယ်ကိုညီအစ်ကိုဟုဆိုလျက် ကာမ ဂုဏ်လိုက်စားသူများ၊ လောဘလွန်ကူးသူ များ၊ ရုပ်တုဆင်းတုကိုကိုးကွယ်သူများ၊ သူ တစ်ပါးအသရေကိုဖျက်သူများ၊ သေသောက် ကြူးသူများ၊ သူခိုးများဖြစ်သူတို့ကိုဆို လို၏။ ထိုလူစားမျိုးနှင့်အတူစားသောက် ခြင်းကိုပင်မပြုကြနှင့်။
သူခိုးများ၊ လောဘလွန်ကူးသူများ၊ သေ သောက်ကြူးသူများ၊ ဆဲရေးတိုင်းထွာသူများ နှင့်လုယက်တိုက်ခိုက်သူများသည် ဘုရား သခင်၏နိုင်ငံတော်သားဖြစ်ကြရလိမ့်မည် မဟုတ်။-
ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြလော့။ အခြားအပြစ်မှန်သမျှသည်လူ၏ကိုယ် ခန္ဓာအကျိုးကိုမထိမခိုက်စေနိုင်။ ကာမဂုဏ် လိုက်စားခြင်းအပြစ်ကိုကူးလွန်သူသည် ကားမိမိ၏ကိုယ်ခန္ဓာကိုပြစ်မှား၏။-
သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။-
အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
နောက်တစ်ဖန်သင်တို့ထံသို့လာသောအခါ ငါ၏ဘုရားသခင်သည် ငါ့အားသင်တို့ရှေ့ တွင်အရှက်ရစေတော်မူလိမ့်မည်လောဟူ၍ လည်းကောင်း၊ ယခင်ကအပြစ်ကူးခဲ့ကြ ပြီးနောက်ယခုတိုင်အောင်ပင်နောင်တမရဘဲ အကျင့်ပျက်ပြားလျက်သူတစ်ပါးအိမ်ရာ ကိုပြစ်မှား၍ကာမဂုဏ်လိုက်စားလျက်ရှိ နေကြသူများအတွက် ငါသည်မျက်ရည် ကျရလိမ့်မည်လောဟူ၍လည်းကောင်း စိုးရိမ်မိ၏။
သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူ သည်မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။-
``ယောကျာ်းတစ်ယောက်ကလင်ရှိမယားတစ် ဦးနှင့် ကာမစပ်ယှက်နေသည်ကိုမိလျှင် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်သင်တို့သည်ဤဒုစရိုက်ကို ဖယ်ရှားနိုင်ကြမည်။
``အမျိုးသမီးတို့သည်ယောကျာ်းတို့၏ အဝတ်ကိုမဝတ်ရ။ ယောကျာ်းတို့သည်လည်း အမျိုးသမီးတို့၏အဝတ်ကိုမဝတ်ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ထိုသို့ဝတ်ဆင်သောသူများကို စက်ဆုပ်ရွံရှာတော်မူ၏။
``ဣသရေလလူမျိုးထဲမှယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေကိုးကွယ်ရာဌာနဆိုင်ရာ ပြည့်တန်ဆာအလုပ်ကိုမလုပ်ရ။-
သို့ဖြစ်၍ကာမဂုဏ်လိုက်စားခြင်း၊ ညစ်ညမ်းစွာ ကျင့်ခြင်း၊ ပြင်းပြသောတဏှာရမ္မက်၊ မကောင်းမှု ပြုလုပ်လိုသောစိတ်ရှိခြင်း၊ လောဘလွန်ကူး ခြင်းအစရှိသောလောကီအာသာရမ္မက်များ ကိုသေစေကြလော့။ (လောဘကူးခြင်းသည် ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပင်ဖြစ်၏။-)
လူတိုင်းနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်ကြိုးစား ကြလော့။ မြင့်မြတ်သန့်ရှင်းခြင်းပါရမီကို ရှာကြလော့။ ထိုပါရမီမရှိလျှင်အဘယ် သူမျှဘုရားသခင်ကိုဖူးမြင်ရလိမ့်မည် မဟုတ်။-
အဘယ်သူမျှဧသောကဲ့သို့မသမာသူ၊ လောကီဆန်သူမဖြစ်စေနှင့်။ ဧသောသည် သားဦးအရာကိုထမင်းတစ်နပ်စာဖြင့် ရောင်းခဲ့ပေသည်။-
ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကိုလူတိုင်း လေးစားကြရမည်။ လင်နှင့်မယားသည် တစ်ဦးကိုတစ်ဦးသစ္စာရှိရမည်။ ဘုရား သခင်သည်အကျင့်ပျက်သူများနှင့်သူ တစ်ပါးအိမ်ရာပြစ်မှားသူများကိုတရား စီရင်တော်မူလိမ့်မည်။
သားသမီးတို့၊ အဘယ်သူမျှသင်တို့အား မှောက်မှားလမ်းလွဲအောင်မပြုစေနှင့်။ ခရစ်တော် သည်ဖြောင့်မတ်တော်မူသကဲ့သို့ အမှန်တရားကို ကျင့်သုံးသူသည်လည်းဖြောင့်မတ်သူဖြစ်၏။-
သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။
ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။