မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
၁ ကော 1:1 - Common Language Bible ဘုရားသခင်၏အလိုတော်အရ၊ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရ သောပေါလုနှင့်ငါတို့၏ညီသုဿင်ထံမှ၊- Garrad Bible ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် အ ဖြစ် ခေါ် ထား သူ ပေါ လု နှင့် ညီ အစ် ကို သော သေ နေ တို့ က၊ Judson Bible ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီသုဿင်သည်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည် ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ သုဿင်တို့က |
မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
ရက်အနည်းငယ်ကြာသောအခါတစ်ရာ့နှစ်ဆယ် ခန့်သောတပည့်တော်ညီအစ်ကိုတို့သည်စုဝေး လျက်ရှိကြ၏။ ထိုအချိန်၌ပေတရုသည်ထ၍၊-
ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
သခင်ဘုရားက `သွားလော့။ ရပ်ဝေးရှိလူမျိုး ခြားတို့ထံသို့သင့်အားငါစေလွှတ်မည်' မိန့် တော်မူ၏'' ဟုဆို၏။
သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-
ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်အဖြစ် ခန့်ထားခြင်းခံရ သူပေါလုနှင့်ညီတိမောသေတို့ထံမှ ကောရိန္သု ရှိဘုရားသခင်၏အသင်းတော်ဝင်များမှစ၍ အခါယပြည်နယ်ရှိဘုရားသခင်၏လူစု တော်ဝင်တို့ထံသို့စာရေးလိုက်ပါသည်။
ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-
ငါသည်တမန်တော်တစ်ပါးဖြစ်ကြောင်းကို နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများအား ဖြင့်သင်တို့အားစိတ်ရှည်လက်ရှည်ငါ သက်သေပြခဲ့၏။-
ဤသို့ပြုခြင်းသည်ငါတို့မျှော်လင့်သည် ထက်ပိုပေသည်။ သူတို့သည်ဦးစွာပထမ မိမိတို့ကိုယ်ကိုသခင်ဘုရားအားဆက် ကပ်လှူဒါန်းကြပေသည်။ ထိုနောက်ဘုရား သခင်၏အလိုတော်နှင့်အညီငါတို့အား လည်းမိမိတို့ကိုယ်ကိုလှူဒါန်းကြ၏။-
တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
ဘုရားသခင်၏အလိုတော်အရ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံ ရသောပေါလုထံမှ ဧဖက်မြို့နေဘုရား သခင်၏လူစုတော်ဖြစ်သူ၊ သစ္စာရှိစွာ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြသူအပေါင်းတို့ထံသို့စာရေး လိုက်ပါသည်။
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
ဘုရားသခင်၏အလိုတော်နှင့်အညီခရစ် တော်ယေရှု၏တမန်တော်ဖြစ်သူ ငါပေါလု နှင့်ငါတို့၏ညီတိမောသေထံမှ၊-
ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့်ငါ တို့မျှော်လင့်ရာဖြစ်သောခရစ်တော်ယေရှု၏ အမိန့်တော်အရ ခရစ်တော်ယေရှု၏တမန် တော်အဖြစ်ခန့်ထားခြင်းခံရသောငါ ပေါလုထံမှ၊
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
ဘုရားသခင်၏အလိုတော်အရခရစ်တော် ယေရှု၏တမန်တော်ဖြစ်သူ၊ ခရစ်တော်ယေရှု နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါတို့ရရှိမည်ဟုကတိထားတော်မူသော အသက်အကြောင်းကိုကြေညာသူငါပေါလု ထံမှ၊-