လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
ဧဖက် 5:30 - Common Language Bible ငါတို့သည်ကိုယ်ခန္ဓာတော်၏အင်္ဂါများဖြစ်ကြ၏။-) Judson Bible အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြစ်ကြသောကြောင့် ဖြစ်၏။ |
လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
ထိုနည်းတူစွာငါတို့သည်အရေအတွက် အားဖြင့်များသော်လည်း ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ကြသဖြင့်ကိုယ်ခန္ဓာတစ်ခု တည်း၌တည်လျက်ရှိကြ၏။ ငါတို့အသီးသီး သည်အချင်းချင်းဆက်စပ်လျက်ရှိသောကိုယ် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။-
သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။-
ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။
(အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။-
သူတို့သည်ခန္ဓာကိုယ်၏ဦးခေါင်းတည်းဟူ သောခရစ်တော်ကိုမှီခိုအားကိုးမှုမရှိကြ တော့ချေ။ ခရစ်တော်၏ထိန်းသိမ်းမှုအောက် တွင်အဆစ်များနှင့်အရိုးချင်းဆက်ပေးသည့် အရွတ်များအားဖြင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အာဟာရကိုခံယူကာဘုရားသခင်၏ အလိုတော်ရှိသည်အတိုင်းကြီးပွားတတ်၏။