``ငါ၏အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံး တွင်ရှိသည့် ဣသရေလအမျိုးသားများ၊ ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ သည်ယေရုရှလင်မြို့သို့ သင်နှင့်အတူသွား လိုပါကသွားခွင့်ပြုသည်။ ဤကားငါ၏ အမိန့်တော်ဖြစ်သည်။-
ဧဇရ 7:23 - Common Language Bible ကောင်းကင်ဘုံရှင်ဘုရင်ဘုရားသခင်သည် မိမိ၏ဗိမာန်တော်အတွက်လိုအပ်သည့် အရာဟူသမျှကိုပေးရန် သင်တို့သတိ ပြုကြရမည်။ သို့မှသာလျှင်ကိုယ်တော် သည် ငါနှင့်ငါ၏နောက်တွင်အုပ်စိုးမည့် ဘုရင်များအားအမျက်ထွက်တော်မမူ ဘဲနေလိမ့်မည်။- Garrad Bible မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် မိန့် မှာ တော် မူ သည့် အ ရ၊ ထို ဘု ရား သ ခင့် ဗိ မာန် တော် အ ဖို့၊ တ သ ဝေ မ တိမ်း လိုက် နာ ကြ လော့။ ငါ ဘု ရင် မင်း နှင့် တ ကွ၊ သား တော် အ စဉ် မြေး တော် အ ဆက်၊ နိုင် ငံ ပေါ် တွင် အ ဘယ့် ကြောင့် အ မျက် တော် ရောက် အံ့ နည်း။ Judson Bible ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဖို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရမည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဘုံရှင်ဘုရားသခင်၏အိမ်တော်အဖို့ ကောင်းကင်ဘုံရှင်ဘုရားသခင်မိန့်မှာသည့်အတိုင်း ကြိုးစားလုပ်ဆောင်ကြလော့။ ရှင်ဘုရင်၏နိုင်ငံနှင့် သားမြေးအပေါ် အဘယ်ကြောင့် အမျက်တော်ကျရောက်စေရမည်နည်း။ |
``ငါ၏အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံး တွင်ရှိသည့် ဣသရေလအမျိုးသားများ၊ ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ သည်ယေရုရှလင်မြို့သို့ သင်နှင့်အတူသွား လိုပါကသွားခွင့်ပြုသည်။ ဤကားငါ၏ အမိန့်တော်ဖြစ်သည်။-
ကြွင်းကျန်သည့်ရွှေငွေကို သင်နှင့်သင်၏အမျိုး သားများဆန္ဒရှိသည့်အတိုင်း သင်တို့ဘုရားသခင်၏အလိုတော်နှင့်အညီသုံးစွဲနိုင် သည်။-
သင်တို့သည်ငွေပေါင်ခုနစ်ထောင့်ငါးရာ၊ ဂျုံ ဆန်တင်းငါးရာ၊ စပျစ်ရည်ဂါလံငါးရာ့ ငါးဆယ်၊ သံလွင်ဆီဂါလံငါးရာ့ငါး ဆယ်အထိလိုသမျှဆားကိုထုတ်ပေး ကြစေ။-
အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်မိမိ၏ပညတ်တော်တို့ကို ကွန်တော်မျိုးတို့အားပေးအပ်တော်မူလက် ယင်းတို့ကိုတစ်သဝေမတိမ်းလိုက်နာကြ ရန် မှာကြားတော်မူပါပြီ။
သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။
သင်တို့အားသုံ့ပန်းများအဖြစ်ငါပို့ဆောင် လိုက်သည့်မြို့ကိုကောင်းကျိုးပြုကြလော့။ ထို မြို့ကောင်းစားလျှင်သင်တို့လည်းကောင်းစား မည်ဖြစ်၍ ထိုမြို့အတွက်ငါ၏ထံသို့ဆု တောင်းပတ္ထနာပြုကြလော့။-
သို့ရာတွင်ထိုအချိန်အခါ၌ငါသည် ယေရုရှလင်မြို့ကို လေးလံသောကျောက်တုံး ကြီးသဖွယ်ဖြစ်စေမည်။ ထိုကျောက်ကိုကြိုး စား၍ချီမသည့်လူမျိုးသည်အနာတရ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သည်ထိုမြို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြ လိမ့်မည်။-