ထိုအခါဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ကြလေသည်။-
ထို သို့ ထုတ် ဆင့် သော ဒါ ရိ မင်း အ မိန့် တော် ကြောင့်၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ ချုပ် တာ တ နဲ၊ ရှေ သာ ဗော ဇ နဲ တို့ နှင့်၊ ဘက် ပါ သူ တို့ သည်၊ လုံ့ လ ထုတ်၍ ဆောင် ရွက် ကြ၏။
ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော်အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့အပေါင်းအဖော်တို့သည် အလျင်အမြန်ပြုကြ၏။
ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။
``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-
ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။-
သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။
ဧကရာဇ်မင်းဒါရိသည်ပြန်ကြားစာကိုပေးပို့တော်မူသည်။ ထိုပြန်ကြားစာတွင်၊ ``ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲ၊ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ရှိ သင်တို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသို့၊ ``သင်တို့သည်ဗိမာန်တော်အနီးသို့မချဉ်းမကပ်ကြနှင့်။-
ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
မင်းပြုသော ကျေးဇူးကိုများသောသူတို့သည် ကြိုးစား၍ ရှာတတ် ကြ၏။ သို့ရာတွင် ခပ်သိမ်းသောသူ တို့၏အမှုကို ထာဝရဘုရားစီရင် တော်မူ၏။
ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။