သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
ဧဇရ 6:11 - Common Language Bible ထပ်မံ၍ငါမိန့်ဆိုသည်မှာ ဤအမိန့်ကိုမနာခံသောသူအား သူ၏အိမ်မှယက်မတစ်ချောင်းကိုယူ၍ထိပ်ကိုချွန်အောင်ပြုလျက်၊ သပ်လျှို၍သတ်စေ၊ သူ၏အိမ်သည်လည်းအမှိုက်ပုံကဲ့သို့ဖြစ်ပါစေ။- Garrad Bible မည် သူ မ ဆို၊ ထို အ မိန့် တော် ကို ဖီ ဆန် လျှင်၊ ချင့် အိမ် မှ ထုတ် ယူ သော ထုပ် လျောက် စွန်း တွင်၊ ချင်း ကို ကြိုး တင် လျက်၊ အိမ် ကို လည်း ကိုယ် သုတ် သင် ရာ အိမ် ဖြစ် စေ။ Judson Bible ၎င်းနည်း အကြင်သူသည် ဤအမိန့်တော်ကိုငြင်းဆန်လျှင်၊ ထိုသူ၏အိမ်မှ သစ်တိုင်ကိုနုတ်ယူ၍ စိုက်ပြီးမှ သူ့ကိုလည်ဆွဲချစေ။ သူ့အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ဤအမိန့်ကိုဆန့်ကျင်လျှင် သူ့အိမ်မှတိုင်ကို ဆွဲနုတ်ပြီး ထိုတိုင်ပေါ်တွင် သူ့ကိုဆွဲထားစေ။ သူ့အိမ်သည်လည်း မစင်ပုံဖြစ်စေ။ |
သို့ဖြစ်၍သူတို့သည်ဗာလကျောက်တိုင်နှင့် ဗာလဗိမာန်ကိုဖြိုဖျက်ပစ်ကြ၏။ ထိုဘုရား ဗိမာန်ကိုကိုယ်လက်သုတ်သင်ရန် အိမ်အဖြစ် အသုံးပြုခဲ့သည်မှာယနေ့တိုင်အောင်ပင် ဖြစ်သတည်း။
သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။
အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။
ဧသတာက``အရှင်မင်းကြီးသဘောတူတော် မူပါလျှင် ယနေ့ညကျွန်တော်မပြင်ဆင်ထား သည့်ညစာစားပွဲသို့ဟာမန်နှင့်အတူကြွ ရောက်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
မင်းကြီးက``ငါသည်ငါမြင်မက်သည့်အိပ် မက်ကိုလည်းကောင်း၊ ထိုအိပ်မက်အနက်ကို လည်းကောင်းသင်တို့ဖော်ပြကြစေရန်သန္နိ ဋ္ဌာန်ချမှတ်ထားပြီ။ အကယ်၍သင်တို့မ ဖော်ပြနိုင်ပါက သင်တို့ကိုအပိုင်းပိုင်း ဖြတ်ကာသင်တို့၏အိမ်များကိုပြာပုံ ဖြစ်စေမည်။-
``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။