မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
ဧဇရ 4:23 - Common Language Bible ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။ Garrad Bible အာ တ ဇေ ရဇ် မင်း အ မိန့် တော် ကို၊ ရေ ဟုံ၊ အ တွင်း ဝန် ရှိ မ ရှဲ တို့ နှင့် ဘက် ပါ သူ တို့ ရှေ့ ဖတ် ပြီး လျှင်၊ ၎င်း တို့ သည်၊ ယု ဒ လူ မျိုး တို့ နေ ရာ ယေ ရု ရှ လင် မြို့ သို့ အ ဆော တ လျင် သွား ၍၊ အ နိုင့် အ ထက် ကန့် ကွက် ကြ၏။ Judson Bible အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့် မြို့စာရေးရှိမရှဲ အစရှိသော သူတို့အပေါင်းအဖော်ရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက် ဆီးတားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အာတဇေရဇ်မင်းကြီးထံမှ ပြန်စာကို ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် သူတို့အပေါင်းပါရှေ့၌ ဖတ်ပြီးလျှင် ဂျူးလူမျိုးတို့ရှိရာဂျေရုဆလင်မြို့သို့ ချက်ချင်းသွား၍ အင်အားသုံးပြီး ဆောက်လုပ်ရေးအမှုကို အတင်းအကျပ်ရပ်ဆိုင်းစေ၏။ |
မင်းကြီး၏ပြန်ကြားလွှာမှာ၊ ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်တကွ အပေါင်းအဖော်များဖြစ်ကြသောရှမာရိမြို့သားများနှင့် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့အား နှုတ်ခွန်းဆက်သလိုက်ပါသည်။''
ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။
တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-