ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။-
အာမုတ် 8:2 - Common Language Bible ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။- Garrad Bible မည် သည့် အ ရာ ကို မြင် ရ သ နည်း ဟု မေး တော် မူ သော်၊ အ သီး ပြည့် သော တောင်း တစ် လုံး ကို မြင် ပါ သည် ဟု လျှောက် လျှင်၊ ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ လူ မျိုး တော် သည် အ ဆုံး တိုင် ရောက် ပြီ။ ငါ သည် နောင် ချမ်း သာ ပေး တော့ မည် မ ဟုတ်။ Judson Bible အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလ အသီးပါသောတောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလအမျိုး၌ ရောက်လေပြီ။ နောက်တစ်ဖန် သူတို့ကို သည်းမခံ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။ |
ထိုအခါဘုရားသခင်သည်နောဧအား``ငါ သည်လူသတ္တဝါအားလုံးကိုသုတ်သင်ရန်ဆုံး ဖြတ်ပြီးပြီ။ ကမ္ဘာမြေကြီးသည်သူတို့၏ပြစ် မှုများဖြင့်ပြည့်နှက်လျက်ရှိသဖြင့် သူတို့ကို အကုန်အစင်သေကြေပျက်စီးစေမည်။-
မာန်မာနထောင်လွှားသူခေါင်းဆောင်များ ၏မှေးမှိန်လျက်နေသောဂုဏ်အသရေသည် မှည့်သည်နှင့်တစ်ပြိုင်နက်ခူးဆွတ်စားသုံး လိုက်သည့်ရာသီစာသင်္ဘောသဖန်းသီး များကဲ့သို့ကွယ်ပျောက်၍သွားလိမ့်မည်။
ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-
ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
ရန်သူများသည်ငါတို့အားစောင့်၍ ကြည့်နေကြသဖြင့်ငါတို့သည် လမ်းများပေါ်၌ပင်လျှင်မသွားမလာရဲ ကြပါ။ ငါတို့၏နေ့ရက်ကာလကုန်ဆုံးခဲ့ပြီ။ နောက်ဆုံးအချိန်ရောက်ခဲ့ပြီ။
ထိုစကားပုံနှင့်ပတ်သက်၍ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကိုသူတို့ အား ယခုပြောကြားလော့။ ငါသည်ထိုစကား ပုံကိုပပျောက်စေမည်။ ဣသရေလပြည် တွင်အဘယ်အခါ၌မျှထပ်မံ၍သုံးစွဲရ ကြမည်မဟုတ်။ အချိန်ကာလကျရောက်လာ ပြီဖြစ်၍ဗျာဒိတ်ရူပါရုံများသည် အကောင် အထည်ပေါ်လာမည်ဖြစ်ကြောင်းထိုသူတို့ အားဆင့်ဆိုလော့။''
သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်ဋ္ဌားလက်နက်စွဲ ကိုင်သူတို့အားသင့်ကိုတိုက်ခိုက်ရန်စေလွှတ် မည်။ သူတို့သည်သင်၏လူများ၊ တိရစ္ဆာန်များ ကိုသတ်ဖြတ်ကြလိမ့်မည်။-
ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
သင်ပျက်သုဉ်းရာအချိန်ရောက်ပြီ။ ဆုံးပါး ပျက်စီးရာအချိန်ရောက်ပြီ။ သင့်ကိုဆန့်ကျင် လျက်ရောက်ရှိလာပြီ။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
ကိုယ်တော်က``အာမုတ်၊ အဘယ်အရာကို မြင်သနည်း'' ဟုငါ့အားမေးသဖြင့်၊ ငါကလည်း``ချိန်ကြိုးတစ်ချောင်းကို မြင်ရပါသည်ဘုရား'' ဟုလျှောက်ဆို၏။ ကိုယ်တော်ရှင်ကလည်း၊``ငါ၏လူမျိုးသည် ရွေ့စောင်းနေသောနံရံသဖွယ်ဖြစ်နေသည် ကို ဤချိန်ကြိုးဖြင့်ပြဆိုရပြီ။ သူတို့ကို ဒဏ်ခတ်ရန်နောက်တစ်ဖန်စိတ်ပြောင်းတော့ မည်မဟုတ်။-
ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။-
မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
ကောင်းကင်တမန်က``သင်အဘယ်အရာကို မြင်သနည်း'' ဟုမေးလျှင်ငါသည်လည်း``လေ ထဲတွင်ပျံနေသောစာလိပ်တစ်ခုကိုမြင် ပါ၏။ ထိုစာလိပ်သည်အလျားပေသုံးဆယ် အနံတစ်ဆယ့်ငါးပေရှိပါသည်'' ဟုပြန် လည်ဖြေကြား၏။