ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ဟေရှာယ 65:23 - Common Language Bible သူတို့ဆောင်ရွက်သည့်အလုပ်သည်အောင်မြင် ၍သူတို့၏သားသမီးများသည်ဘေးအန္တ ရာယ်ရောက်ရကြလိမ့်မည်မဟုတ်။ ငါသည် သူတို့နှင့်သူတို့သားမြေးများအားလာ လတ္တံ့ကာလအစဉ်အဆက်ကောင်းချီးပေး မည်။- Garrad Bible သူ တို့ သည် သား မြေး တို့ ပါ၊ ထာ ဝ ရ ဘု ရား ထံ တော် မှ မင်္ဂ လာ ခံ ရ သော သူ တို့ အ မျိုး အ နွယ် ဖြစ် ကြ သော ကြောင့်၊ အ ကျိုး မဲ့ လုပ် ဆောင် ခြင်း၊ ဘေး သင့် ရန် သား ဖွား ခြင်း မ ရှိ ချေ။ Judson Bible ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည်၊ ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးဖြစ်မည်မဟုတ်။ သူတို့မွေးဖွားသောသားသမီးများ ဒုက္ခရောက်မည်မဟုတ်။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကိုခံစားရသောအမျိုးအနွယ် ဖြစ်လိမ့်မည်။ သူတို့နှင့်အတူ သူတို့သားမြေးတို့လည်း ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊ မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက် အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။ သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန် ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။ ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
သူတို့သည်လူမျိုးတကာတို့တွင်ထင်ပေါ် ကျော်ကြားကြလိမ့်မည်။ သူတို့ကားငါ၏ကောင်းချီးမင်္ဂလာကို ခံစားရကြသူများဖြစ်ကြောင်း သူတို့ကိုမြင်သူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
``ကမ္ဘာမြေကြီးသစ်နှင့်မိုးကောင်းကင်သစ် တို့သည် ငါ၏တန်ခိုးတော်အားဖြင့်တည် မြဲလျက်နေသကဲ့သို့၊ သင်တို့နာမည်နာမ များနှင့်သားမြေးတို့သည်တည်မြဲလျက် နေလိမ့်မည်။
သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-
သင်တို့၏မြေမှအသီးအနှံမထွက်၊ သစ်သီး အပင်များမှအသီးမသီးသဖြင့် သင်တို့ကြိုး ပမ်းလုပ်ကိုင်သမျှတို့သည်အချည်းနှီးသက် သက်ဖြစ်ရလိမ့်မည်။
ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။
သင်တို့သည်ဆာလောင်မွတ်သိပ်လှသဖြင့် ကိုယ် သားသမီးတို့၏အသားကိုစားရကြလိမ့် မည်။-
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
သင်တို့တွင်ဂျုံစပါးမကျန်မရှိတော့ဘဲ စပျစ်ပင်များ၊ သဖန်းပင်များနှင့်သံလွင် ပင်များလည်းအသီးမသီးကြသေး။ သို့ ရာတွင်ငါသည်ယခုမှစ၍သင်တို့အား ကောင်းချီးပေးမည်'' ဟုမိန့်တော်မူပါ၏။
ဗိမာန်တော်တွင်စားနပ်ရိက္ခာအမြောက် အမြားရှိစေရန် သင်တို့၏ဆယ်ဖို့တစ်ဖို့ အလှူကိုအပြည့်အဝယူဆောင်ခဲ့ကြ လော့။ ငါ၏အကဲကိုစမ်း၍ကြည့်ကြလော့။ ထိုအခါငါသည်ကောင်းကင်ပြူတင်းပေါက် များကိုဖွင့်၍ သင်တို့အပေါ်သို့ကောင်းချီး မင်္ဂလာအမျိုးမျိုးသွန်းလောင်းတော်မူ သည်ကိုသင်တို့တွေ့မြင်ကြရလိမ့်မည်။-
ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် ပါလျှင် အာဗြဟံ၏သားမြေးများလည်း ဖြစ်သဖြင့် ကတိတော်ရှိသည်အတိုင်းဘုရား သခင်၏ဆုကျေးဇူးတော်ကိုခံစားရကြ လိမ့်မည်။