သူတို့သည်ပင်ပန်းစွာအလုပ်လုပ်ရကြသဖြင့် အားအင်ကုန်ခန်းရကြ၏။ လဲကျသော်လည်းသူတို့အားထူမမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
ဟေရှာယ 63:5 - Common Language Bible ငါ့အားကူညီမည့်သူတစ်စုံတစ်ယောက်မျှမ ရှိသည်ကိုတွေ့ရသောအခါ ငါအံ့သြမိ၏။ သို့ရာတွင်ငါ၏အမျက်ဒေါသကငါ့အား စွမ်းအားကိုပေးသဖြင့် ငါကိုယ်တိုင်အောင်ပွဲ ကိုအရယူခဲ့ပါ၏။- Garrad Bible ကူ ညီ သူ၊ ထောက် မ သူ မ ရှိ ကြောင်း ကို ငါ ရှု ကြည့် ၍ အံ့ ဩ ရာ၊ ကိုယ် လက် ရုံး ပင် ကယ် တင် ခြင်း အ မှု ကို စီ ရင် လျက်၊ ကိုယ့် ဒေါသ ပင် ထောက် မ လေ ပြီ။ Judson Bible ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက်သည် ကိုယ်အဖို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသအမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။ မြန်မာ့စံမီသမ္မာကျမ်း ငါကြည့်လိုက်သော် ကူညီမစမည့်သူမရှိ။ ထောက်မမည့်သူလည်းမရှိသည်ကို ငါအံ့ဩ၏။ ထို့ကြောင့် ငါ့လက်ရုံးသည် ကယ်တင်ခြင်းအမှုကိုပြုပြီ။ ငါ့အမျက်ဒေါသသည် ငါ့ကိုထောက်မပြီ။ |
သူတို့သည်ပင်ပန်းစွာအလုပ်လုပ်ရကြသဖြင့် အားအင်ကုန်ခန်းရကြ၏။ လဲကျသော်လည်းသူတို့အားထူမမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။
ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးဒုက္ခရောက်ပါတော့မည်။ ကူမမည့်သူလည်းတစ်ယောက်မျှမရှိပါ။
ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
အစော်ကားခံရသဖြင့်ကျွန်တော်မျိုးသည် စိတ်နှလုံး ကြေကွဲ၍စိတ်ပျက်အားလျော့လျက်နေပါ၏။ ကျွန်တော်မျိုးသည်ကြင်နာမှုကိုတောင့်တသော အခါ သနားမည့်သူကိုမတွေ့ရပါ။ စိတ်သက်သာမှုကိုတောင့်တသောအခါ စိတ်သက်သာစေမည့်သူမရှိပါ။
အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
ငါသည်ဘုရားများကိုကြည့်လိုက်သောအခါ သူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
ထာဝရဘုရားက``ငါသည်လူမျိုးတကာ တို့ကိုစပျစ်သီးများသဖွယ်နင်းနယ်ခဲ့ လေပြီ။ အဘယ်သူမျှငါ့အားကူညီရန် မလာမရောက်ကြ။ ငါသည်အမျက်ထွက် သဖြင့်သူတို့အားနင်းနယ်ရာတွင်ငါ၏ အဝတ်များသည်သူတို့၏သွေးများဖြင့် စွန်း၍သွားပေသည်။-
ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။-
ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။
သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-