သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
ဟေရှာယ 62:8 - Common Language Bible ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။ Garrad Bible တန် ခိုး ကြီး သော ညာ လက် ရုံး တော် ကို တိုင် တည် ၍ ထာ ဝ ရ ဘု ရား က၊ သင် လုပ် ဆောင် ၍ ရ သော စ ပါး ဆန် နှင့် စ ပျစ် ရည် ကို၊ နိုင်ငံ ခြား သား ဖြစ် သော သင့် ရန် သူ တို့ အား၊ သုံး ဆောင် ခွင့် အပ် ပေး တော့ မည် မ ဟုတ်။ Judson Bible ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏စပါးနှင့် နောက်တစ်ဖန် ငါမကျွေး။ သင်သည် ကြိုးစား၍လုပ်သော စပျစ်ရည်ကို တစ်ပါးအမျိုးသားတို့သည် မသောက်ရကြ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “သင်၏ကောက်ပဲသီးနှံကို သင်၏ရန်သူတို့အား စားခွင့်ပေးတော့မည်မဟုတ်။ သင်ကြိုးစားအားထုတ်၍ရရှိသော စပျစ်ဝိုင်အသစ်ကိုလည်း တိုင်းတစ်ပါးသားများ သောက်ရတော့မည်မဟုတ်။ |
သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
ငါ၏နှုတ်ထွက်စကားသည်အမှန်ဖြစ်သဖြင့် ပြောင်းလဲ၍သွားလိမ့်မည်မဟုတ်။ လူအပေါင်းတို့သည်လာ၍ငါ၏ရှေ့၌ ဒူးထောက်ကာ၊ ကျေးဇူးသစ္စာတော်ကိုခံယူပါမည်ဟုကျိန်ဆို ကတိပြုကြလိမ့်မည်။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
အစာအာဟာရမဖြစ်သည့်အရာအတွက် အဘယ်ကြောင့်ငွေအကုန်အကျခံကြပါ မည်နည်း။ သင်၏လုပ်အားခများကိုအကုန်ခံကာ အဘယ်ကြောင့်မွတ်သိပ်လျက်နေကြပါ မည်နည်း။ ငါ့စကားကိုနားထောင်လျက်၊ငါပြောသည့်အတိုင်း ပြုလုပ်ကြပါမူ သင်တို့သည်အမွန်မြတ်ဆုံးသောအစားအစာ များကို စားသောက်ရကြလိမ့်မည်။
အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-
ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။-
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
ငါသည်ငါ၏လူမျိုးတော်ကိုနေရင်း ပြည်သို့ ပြန်လည်ဆောင်ယူလာမည်။ သူတို့သည်ပြိုလဲနေသောမြို့များကို ပြန်လည်တည်ဆောက်ကြ၍ ထိုမြို့များ၌ပြန်လည်နေထိုင်ခွင့်ရကြ လိမ့်မည်။ စပျစ်ခြံများကိုစိုက်ပျိုး၍စပျစ်ရည် သောက်ခွင့်ရကြလိမ့်မည်။ ဥယျာဉ်များကိုစိုက်ပျိုးကြ၍ ကိုယ်တိုင်စိုက်သောသီးနှံတို့ကိုကိုယ်တိုင် စားရသောအခွင့်ရကြလိမ့်မည်။
``သင်နှင့်လက်ထပ်ရန်စေ့စပ်ထားသောမိန်းမ ကို အခြားသူတစ်ယောက်ကမယားအဖြစ် ပေါင်းသင်းလိမ့်မည်။ သင်သည်အိမ်ကိုဆောက် သော်လည်းထိုအိမ်တွင်မနေရ။ စပျစ်ဥယျာဉ် ကိုစိုက်သော်လည်းအသီးကိုမစားရ။-
သင်၏နွားကိုသင့်မျက်စိရှေ့တွင်သတ်သော် လည်း သင်သည်အသားကိုမစားရ။ သင်၏ မြည်းများခိုးယူသွားသည်ကိုမျက်စိဖြင့် မြင်ရသော်လည်း မြည်းများကိုပြန်မရ။ သင်၏သိုးများရန်သူ့လက်သို့ကျရောက် လိမ့်မည်။ သို့ရာတွင်သင့်အားကူညီမည့် သူရှိလိမ့်မည်မဟုတ်။-
သင်တို့ပင်ပန်းကြီးစွာစိုက်ပျိုးရသော အသီးအနှံအားလုံးကို အခြားတစ်နိုင်ငံ သားတို့ကသိမ်းယူလိမ့်မည်။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုအမြဲခံရရုံမှ တစ်ပါး မည်သည့်အကျိုးအမြတ်ကိုမျှ ခံစားရလိမ့်မည်မဟုတ်။-
ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။