အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
ဟေရှာယ 57:15 - Common Language Bible ``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။- Garrad Bible သန့် ရှင်း သည် ဟု နာ မ ရှိ လျက်၊ အ န န္တ ကာ လ စံ တော် မူ၍၊ မြင့် မြတ် သော အ ရှင် မိန့် တော် မူ သည် မှာ၊ ငါ သည် သန့် ရှင်း မြင့် မြတ် သော စံ ရာ၌ လည်း ကောင်း၊ စိတ် နှိမ့် ချ ကြေ ကွဲ သူ တို့ နှင့် လည်း ကောင်း၊ နှိမ့် ချ ကြေ ကွဲ သူ တို့ စိတ် နှ လုံး အား တက် စေ ခြင်း ငှာ၊ ကိန်း ဝပ် ၏။ Judson Bible အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသောဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်းသော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲသော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှာ၊ ကြေကွဲနှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။ မြန်မာ့စံမီသမ္မာကျမ်း မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။ |
အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။
ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။
ကိုယ်တော်သည်မိမိ၏လူစုတော်အား လွတ်မြောက်စေတော်မူပြီးလျှင် သူတို့နှင့်ထာဝရပဋိညာဉ်ပြုတော် မူ၏။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၍ တန်ခိုးကြီးတော်မူပါသည်တကား။
ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူသော်လည်း နိမ့်ကျသူတို့အားကြည့်ရှုစောင့်ရှောက်တော်မူ၏။ မာန်မာနကြီးသူတို့ကိုမူကားအဝေးက သိတော်မူ၏။
ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက် တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။
စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
ကိုယ်တော်သည်စိတ်ပျက်အားလျော့သူတို့၏ အနီးတွင်ရှိတော်မူ၏။ မျှော်လင့်စရာလုံးဝမရှိသူတို့အားကယ် တော်မူ၏။
သူတော်ကောင်းသည်ဆင်းရဲဒုက္ခများစွာ ရောက်ရတတ်၏။ သို့ရာတွင်ထာဝရဘုရားသည်သူ့အား ယင်းဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးပူဇော်သောယဇ်သည်နှိမ့်ချသော စိတ်နှလုံးပင်ဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်နှိမ့်ချ၍နောင်တရသော စိတ်နှလုံးကိုပစ်ပယ်တော်မူမည်မဟုတ်ပါ။
ထိုအခါကိုယ်တော်ရှင်သည်မှန်ကန်သည့် မီးရှို့ရာပူဇော်သကာများကိုနှစ်သက် လက်ခံတော်မူလိမ့်မည်။ နွားလားများကိုလည်းကိုယ်တော်ရှင်၏ ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြပါလိမ့်မည်။
သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။
တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ရာဇပလ္လင်တော်သည်အစအဦးမှ စ၍တည်တံ့ခိုင်မြဲပါ၏။ ကိုယ်တော်ရှင်သည်ကပ်ကာလမပေါ်မီကပင်လျှင် ရှိနေတော်မူပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည် ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
လူအပေါင်းတို့သည်ကိုယ်တော်၏ ကြီးမြတ်ကြောက်ရွံ့ဖွယ်ကောင်းသောနာမ တော်ကို ထောမနာပြုကြလိမ့်မည်။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော်မူ၏။
အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။-
စိတ်နှိမ့်ချသောသူတို့နှင့် ပေါင်းဘော်၍ စိတ် နှိမ့်ချခြင်းသည်၊ မာနကြီးသော သူတို့နှင့် ဆက်ဆံ၍ လုယူ သောဥစ္စာကို ဝေမျှခြင်းထက် သာ၍ကောင်း၏။
ထာဝရဘုရားကငါ့အား``အသီးအနှံ ရိတ်သိမ်းချိန်၏ပူအိုက်သည့်ညတို့၌ဆီးနှင်း များသည်ငြိမ်သက်စွာကျလာသကဲ့သို့ လည်းကောင်း၊ အပူရှိန်ပြင်းသည့်နေ့၌နေ သည်ကြည်လင်ဆိတ်ငြိမ်စွာထွန်းလင်းတောက် ပသကဲ့သို့လည်းကောင်း ငါသည်ကောင်းကင် ဘုံမှငြိမ်သက်စွာငုံ့၍ကြည့်တော်မူမည်။-
ထာဝရဘုရားသည်အလွန်ကြီးမြတ်တော် မူပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောအရာတို့ကိုအစိုးရတော်မူပါ၏။ ယေရုရှလင်မြို့ကိုတရားမျှတမှုနှင့် သော်လည်းကောင်း၊ ဖြောင့်မတ်ခြင်းဖြင့်သော် လည်းကောင်းပြည့်ဝစေတော်မူ၍၊-
ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
ထာဝရဘုရားက ``ငါ၏အစေခံသည်မိမိပြုသောအမှုတွင် ပညာရှိစွာပြုမူလိမ့်မည်။ သူသည်ချီးမြှောက်ခြင်းခံရ၍ကြီးမြတ်သော ဂုဏ်အသရေရှိလိမ့်မည်။
သြဇိမင်းနတ်ရွာစံသောနှစ်၌ငါသည်ထာဝရဘုရားကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့်ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ဗိမာန်တော်တစ်ခုလုံးသည်လည်းကိုယ်တော်၏ဝတ်ရုံတော်နှင့်ပြည့်၍နေ၏။-
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိပါ၏။'' ဟုအချင်းချင်းကြွေးကြော်၍နေကြ၏။
အို ထာဝရဘုရား၊ သန့်ရှင်းမြင့်မြတ်၍ဘုန်း အသရေတော်တောက်ပရာကောင်းကင်ဘုံတည်း ဟူသော ကိုယ်တော်ရှင်ကျိန်းဝပ်တော်မူရာအရပ် မှနေ၍ကျွန်တော်မျိုးတို့အားငုံ့၍ကြည့်တော် မူပါ။ ကျွန်တော်မျိုးတို့အတွက်ကိုယ်တော်ရှင် စိုးရိမ်ကြောင့်ကြတော်မူသည်ကားအဘယ်မှာ နည်း။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည်အဘယ် မှာနည်း။ ကိုယ်တော်ရှင်၏မေတ္တာနှင့်သနားကြင် နာမှုသည်အဘယ်မှာနည်း။ ကျွန်တော်မျိုး တို့အားလျစ်လူရှုတော်မမူပါနှင့်။-
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
အရှင်မင်းကြီးမေးတော်မူသောအရာသည် လွန်စွာခက်ခဲသဖြင့် ဘုရားများမှလွဲ၍ အဘယ်သူမျှဖော်ပြနိုင်မည်မဟုတ်ပါ။ ဘုရားတို့သည်လည်းလူသားများနှင့် အတူနေထိုင်ကြသည်မဟုတ်ပါ'' ဟု လျှောက်ထားကြ၏။
ဤကားနိုးကြားစောင့်ကြည့်သူကောင်းကင် တမန်များ၏စီရင်ဆုံးဖြတ်ချက်တည်း။ သို့ ဖြစ်၍အမြင့်မြတ်ဆုံးသောဘုရားသခင် သည် လောကီနိုင်ငံများအပေါ်သို့တန်ခိုး အာဏာလွှမ်းမိုးတော်မူနိုင်ကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည်အသိမ်ငယ်ဆုံးသော သူကိုပင်လျှင်ရွေးချယ်၍မင်းမြှောက်တော် မူနိုင်ကြောင်းကိုလည်းကောင်း အရပ်တကာ ရှိလူအပေါင်းတို့သိရှိကြစေ' ဟုအသံ ကျယ်စွာကြွေးကြော်၏။
မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။ ``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။
``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။-
ငါတို့သည်ဆင်းရဲဒုက္ခအမျိုးမျိုးခံရကြ သောအခါ ကိုယ်တော်သည်ငါတို့အားနှစ်သိမ့် မှုကိုပေးတော်မူ၏။ သို့ဖြစ်၍ငါတို့သည်လည်း ဘုရားသခင်ထံတော်မှယင်းသို့ရရှိသည့် နှစ်သိမ့်မှုဖြင့်ပင်လျှင် ဒုက္ခဆင်းရဲအမျိုးမျိုး ခံရကြသူတို့အားနှစ်သိမ့်စေနိုင်ကြပေ သည်။-
ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။-
သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
ဘုရားသခင်သည်သင်တို့ကိုအစဉ်အမြဲ ကွယ်ကာတော်မူ၏။ ထာဝရလက်ရုံးတော်သည်သင်တို့ကို ထောက်ပင့်တော်မူ၏။ ကိုယ်တော်သည်သင်တို့ချီတက်ရာလမ်းမှ ရန်သူများကိုနှင်ထုတ်တော်မူ၏။ ထိုရန်သူအပေါင်းတို့ကိုသုတ်သင်ဖျက်ဆီးရန် သင်တို့အားအမိန့်ပေးတော်မူ၏။
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။
ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-
ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။