ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
ဟေရှာယ 53:9 - Common Language Bible သူသည်ရာဇဝတ်မှုတစ်စုံတစ်ရာကိုမျှ ကူးလွန်ခဲ့ဖူးသည်မရှိ။ မုသားကိုလည်းအဘယ်အခါ၌မျှမသုံး စွဲခဲ့။ သို့ရာတွင်သူသည်ငါတို့အမျိုးသားတို့ ၏ အပြစ်များအတွက်သေဒဏ်စီရင်ခြင်းကို ခံရ၍၊ ရာဇဝတ်ကောင်များနှင့်အတူသင်္ဂြိုဟ်ခြင်း ကိုလည်းကောင်း၊ သူဌေးသူကြွယ်များနှင့်အတူမြှုပ်နှံခြင်း ကိုလည်းကောင်းခံရလေသည်။'' Garrad Bible သူ့ နှုတ် တွင် လှည့် စား ခြင်း မ တည့်၊ အ ဓ မ္မ မှု ကို မ ပြု သော် လည်း၊ လူ ဆိုး လူ သွမ်း တို့ နှင့် အ တူ သင်္ချိုင်း ကိုလည်း ကောင်း၊ သူ ဌေး သူ ကြွယ် တို့ နှင့် အ တူ အ ရိုး အိုး ကို လည်း ကောင်း၊ စီ မံ ကြ ၏။ Judson Bible ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည် ရက်စက်ကြမ်းကြုတ်မှုကိုမပြု။ သူ၏နှုတ်၌ လိမ်လည်လှည့်ဖြားခြင်းမရှိသော်လည်း သူ့ကို ဆိုးယုတ်သောသူတို့နှင့်အတူမြှုပ်နှံရန် စီရင်ကြ၏။ သူသေသောအခါ ချမ်းသာသောသူ၌ရှိ၏။ |
ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်းကိုခံပြီးနောက် ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက် သောနေ့၌ သေခြင်းမှရှင်ပြန်ထမြောက် တော်မူကြောင်း၊-
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-
ခရစ်တော်သည်လူတို့၏အပြစ်များကိုဖြေလွှတ် တော်မူရန်ကြွလာတော်မူကြောင်းကိုသင်တို့သိ ကြ၏။ ကိုယ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်တော်မူ၏။-