ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
ဟေရှာယ 49:20 - Common Language Bible ပြည်နယ်ဒဏ်သင့်ရာတွင်မွေးဖွားခဲ့သည့် သင်၏အမျိုးသားတို့သည်တစ်နေ့သောအခါ၌ သင့်အား`ဤပြည်သည်ငယ်လွန်းပါ၏။ ငါတို့နေထိုင်ရန်နေရာထပ်၍လိုပါသည်' ဟုဆိုကြလိမ့်မည်။ Garrad Bible ဆုံး ပါး ရာ ကာ လ ရ သော သား သ မီး တို့ က၊ အ ရပ် ဒေ သ ကျဉ်း မြောင်း၏။ နေ လောက် ရန် ပေး ပါ ဟု တောင်း ပန် ကြ သော်၊ Judson Bible သင်၏သားများဆုံးပြီးမှ၊ တစ်ဖန်ရပြန်သောသားတို့က၊ နေရာမလောက်ပါ။ နေစရာအရပ်ကိုပေးပါဟု သင့်အား တောင်းကြလေဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏အလျင်သားသမီးများဆုံးပါးပြီးနောက် ထပ်မွေးလာသော သားသမီးတို့က “အကျွန်ုပ်အတွက် နေရာကျဉ်းကျပ်၏။ နေစရာနေရာပေးပါ”ဟု သင့်ကို ပြောကြလိမ့်မည်။ |
ဧလိရှဲ၏လက်အောက်ခံပရောဖက်တစ်စု က``အကျွန်ုပ်တို့နေထိုင်သည့်အဆောင်သည် အလွန်ပင်ကျဉ်းပါသည်။-
သင်တို့သည်ငါပေးသနားမည့်သားသမီး များကိုတွေ့မြင်ကြရလိမ့်မည်။ ထိုအခါ ငါသည်ဣသရေလအမျိုးသားတို့၏သန့် ရှင်းမြင့်မြတ်သောဘုရားဖြစ်တော်မူကြောင်း သင်တို့သိမှတ်ကြလိမ့်မည်။ ငါ့အားလေးစား ကြည်ညိုကာရိုသေလေးစားကြောက်ရွံ့ကြ လိမ့်မည်။-
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ ပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။ သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။ သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။
ပထမကောင်းကင်တမန်ကသူ့အား``ယေရု ရှလင်မြို့တွင်နေထိုင်ကြသည့်လူသတ္တဝါ တို့သည်အလွန်ပင်များသဖြင့် ထိုမြို့ကို တံတိုင်းကာနိုင်လိမ့်မည်မဟုတ်ကြောင်းပေ ကြိုးကိုင်ထားသူလူငယ်ထံသို့ပြေး၍ပြော ကြားလော့။-
အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟူ၍ ပြောဆိုရုံမျှဖြင့် သင်တို့သည်အပြစ်မှလွတ်ငြိမ်း ခွင့်ကိုရရှိလိမ့်မည်ဟုမထင်ကြနှင့်။ ဘုရားသခင် သည်ဤကျောက်ခဲများမှ အာဗြဟံ၏သားများ ကိုဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-