``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။ သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။
လု ယက် ဖျက် ဆီး သူ တို့ သည် မြို့ တော် မှ ထွက် သွား ရ ကြ ရာ၊ သင့် သ တို့ သ မီး အ ပေါင်း တို့ အ လျင် အ မြန် စု ရုံး ဝင် ရောက် ကြ သည် ကို၊ ပတ် လည် မော် ကြည့် လော့။ အ သက် တော် ကို တိုင် တည်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ သင် သည် မင်္ဂ လာ ဆောင် သ တို့ သ မီး နည်း တူ၊ ထို သူ အ ပေါင်း တို့ ကို မာ လိ က တန် ဆာ သ ဖွယ် ဝတ် ဆင် ပတ် စည်း ခွင့် ရ လိမ့် မည် ဟူ၍ တည်း။
သင်၏သားသမီးတို့သည် အလျင်အမြန် ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။
သင်၏သားသမီးတို့သည် အလျင်အမြန်ပြန်လာကြပြီ။ သင့်ကိုဖြိုချသောသူ၊ သင့်ကိုဖျက်ဆီးသောသူတို့သည် သင့်ထံမှထွက်သွားကြလိမ့်မည်။
ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊-
ငါတို့ကိုဖမ်းသွားကြသူများက``ငါတို့အား ဖျော်ဖြေရန်ဇိအုန်မြို့အကြောင်း သီချင်းဆိုပြပါ'' ဟုငါတို့အားခိုင်းကြ၏။
ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အာရှုရိဧကရာဇ်မင်း များသည်လူမျိုးတကာတို့ကိုပျက်ပြုန်း စေ၍ သူတို့၏ပြည်များကိုလူသူဆိတ် ငြိမ်ရာဖြစ်စေလျက်-
``သင်၏ပြည်သည်ယိုယွင်းပျက်စီးကာလူသူ ဆိတ်ငြိမ်လျက်နေခဲ့၏။ သို့ရာတွင်ယခုအခါလာရောက်နေထိုင်ကြမည့် သူများအတွက် ထိုပြည်သည်ကျဉ်းလျက်ပင်နေလိမ့်မည်။ သင့်အားယိုယွင်းပျက်စီးစေသူတို့မူကား၊ ရပ်ဝေးသို့ရောက်ရှိနေကြလိမ့်မည်။
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက်လျက် ရှိသည်ကိုကြည့်ရှုလော့။ သင်၏အမျိုးသားများသည်မိမိတို့ပြည်သို့ ပြန်လာရန်စုရုံးလျက်ရှိကြ၏။ သင်၏သားတို့သည်ရပ်ဝေးမှပြန်လာကြ လိမ့်မည်။ သင်၏သမီးများအားပွေ့ချီလျက်လာကြ လိမ့်မည်။
ထာဝရဘုရားသည်သင့်ကိုမင်္ဂလာဆောင် သတို့သမီးသဖွယ်သိမ်းပိုက်တော်မူလိမ့်မည်။ မင်္ဂလာဆောင်သတို့သမီးကိုသတို့သားသည် နှစ်သက်သကဲ့သို့၊ ဘုရားသခင်သည်သင့်ကိုနှစ်သက်တော်မူ လိမ့်မည်။
ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့ဣသရေလလူမျိုးတစ်စုလုံး ကို လူဦးရေတိုးပွားစေမည်။ သင်တို့သည် မြို့များ၌နေထိုင်ရလိမ့်မည်။ ယိုယွင်းပျက် စီးနေသမျှသောအရာတို့ကိုပြန်လည် ပြုပြင်ရလိမ့်မည်။-