ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ဟေရှာယ 40:31 - Common Language Bible သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။ Garrad Bible ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။ Judson Bible ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။ |
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။
အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
အို ထာဝရဘုရား၊ မင်းကြီးအားအောင်ပွဲကိုပေးတော်မူပါ။ ကျွန်တော်မျိုးတို့ခေါ်သောအခါထူးတော်မူပါ။
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အရေးမနိမ့်ကြပါ။ ကိုယ်တော်ရှင်အားတော်လှန်ပုန်ကန်ရန် ဝန်မလေးသူများသာလျှင်အရေးနိမ့် ကြရပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောဘုရားဖြစ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ သမ္မာတရားတော်အတိုင်းပြုမူကျင့်ကြံ တတ်ရန် သွန်သင်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို အစဉ်ကိုးစားလျက်နေပါ၏။
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
ထိုသူတို့သည်ခရီးပြုရင်းခွန်အားတိုး၍ လာကြပါ၏။ ဇိအုန်တောင်တော်ပေါ်တွင်ဘုရားတကာ တို့၏ ဘုရားကိုဖူးမြင်ရကြပါလိမ့်မည်။
အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အို ယာကုပ်၏ဘုရားသခင်၊ နားထောင်တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းရခြင်းသည်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုထောမနာ သီချင်း ကူးအေးရခြင်းသည်လည်းကောင်း၊
သူတို့သည်ထာဝရဘုရား၏အိမ်တော်တွင်စိုက်ပျိုး၍ ငါတို့ဘုရားသခင်၏ဗိမာန်တော်တွင်စိမ်းလန်း စိုပြေလျက်နေသည့်သစ်ပင်များနှင့်တူကြ၏။ ထိုသစ်ပင်တို့သည်အသက်အိုချိန်၌ပင်လျှင် အသီးများသီး၍အစဉ်အမြဲစိမ်းလန်း သန်မာလျက်ရှိကြ၏။
``ငါသည်အီဂျစ်အမျိုးသားတို့အားမည်ကဲ့သို့ ဒဏ်ခတ်ခဲ့ပုံကိုလည်းကောင်း၊ လင်းယုန်ငှက်၏ အတောင်များဖြင့်သယ်ဆောင်သကဲ့သို့၊ ငါသည် သင်တို့ကိုဘေးမဲ့လုံခြုံစွာသယ်ဆောင်ခဲ့ပုံ ကိုလည်းကောင်းသင်တို့မြင်ရကြပြီ။-
လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
ဘုရားသခင်က ``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။ သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။ အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။
မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။ သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်'' ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
သို့ရာတွင်ငါတို့သည်မိမိတို့မမြင်ရသည့် အရာကိုမျှော်လင့်ကြလျှင် ထိုအရာကိုစိတ် ရှည်စွာစောင့်မျှော်ကြ၏။
ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-
ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။-
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
လင်းယုန်ငှက်သည်သားငယ်များကို အပျံသင်သည့်အခါမိမိ၏တောင်ပံများကို ဖြန့်၍ဖမ်းယူသကဲ့သို့၊ ထာဝရဘုရားသည်ဣသရေလလူမျိုးကို ဆောင်ယူသယ်ပိုးတော်မူ၏။
သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-
အပြစ်သားတို့၏ပြင်းထန်စွာမုန်းတီးခြင်း ကိုကိုယ်တော်အဘယ်မျှခံတော်မူကြောင်း သင်တို့ထောက်ရှုဆင်ခြင်လျက်စိတ်ပျက် အားလျော့ခြင်းမရှိကြနှင့်။-
သို့ရာတွင်မောရှေကအကျွန်ုပ်အားဤပြည် ကိုထောက်လှမ်းရန်စေလွှတ်သည့်အချိန်မှာ ကဲ့သို့ ယခုအချိန်လည်းအကျွန်ုပ်သန်မာ လျက်ရှိပါ၏။ အကျွန်ုပ်သည်စစ်မှုထမ်းရန် သော်လည်းကောင်း၊ အခြားတာဝန်ထမ်း ဆောင်ရန်သော်လည်းကောင်းခွန်အားရှိ ပါသေးသည်။-
အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။-
သင်သည်ခံနိုင်ရည်ရှိပေသည်။ ငါ၏အတွက် များစွာဆင်းရဲခံပေသည်။ စိတ်အားလည်း မလျော့။-
ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-
ထိုအခါရှံဆုန်က``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့သတိရတော်မူပါ။ အို ဘုရားသခင်၊ အကျွန်ုပ်၏မျက်စိနှစ်လုံးကို ဖောက်ပစ်သည့်အတွက် ဖိလိတ္တိအမျိုးသားတို့ အားတစ်ချက်တည်းဖြင့်လက်စားချေနိုင်ရန် အကျွန်ုပ်အားဤတစ်ကြိမ်သာလျှင်ခွန်အား ကိုပြန်လည်ရရှိစေတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုလေသည်။-