ငါသည်ထာဝရဘုရား၏အကူအညီ မပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက် ဆီးခဲ့သည်ဟုသင်တို့ထင်မှတ်ကြပါ သလော။ သင်တို့ပြည်ကိုတိုက်ခိုက်ဖျက်ဆီး ရန်ထာဝရဘုရားကိုယ်တော်တိုင်ပင်ငါ့ အားစေခိုင်းတော်မူပါ၏'' ဟုဆို၏။
ထာ ဝ ရ ဘု ရား ထံ အ ခွင့် မ တော် ရ ဘဲ ဤ ပြည် ကို ဖျက် ဆီး ရန် ယ ခု ကျွန်ုပ် ချီ လာ သ လော။ ထို ပြည် ကို ချီ တက် ဖျက် ဆီး လော့ ဟု ကျွန်ုပ် အား ထာ ဝ ရ ဘု ရား မိန့် ဆို တော် မူ ကြောင်း ပြန် ကြား လော့ ဟူ၍ ဆို ရာ၊
ထာဝရဘုရား၏အခွင့်မရှိဘဲ၊ ဤပြည်ကိုဖျက်ဆီးခြင်းငှာ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့ဟု ထာဝရဘုရားသည် ငါ့အားမိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့ဟု ပြောဆို၏။
ထာဝရဘုရားအခွင့်မရှိဘဲ ဤပြည်ကို ငါလာ၍ဖျက်ဆီးသည်ဟု ထင်သလော။ ထာဝရဘုရားက ‘ထိုပြည်သို့စစ်ချီ၍ဖျက်ဆီးလော့’ဟူ၍ ငါ့အားမိန့်တော်မူပြီ”ဟု ဆို၏။
ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
အခြားပရောဖက်အပေါင်းတို့ကလည်း ဤ အတိုင်းပင်မင်းကြီးအားလျှောက်ထားကြ၏။ သူတို့က``ရာမုတ်မြို့သို့ချီတက်တော်မူပါ။ အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟုဟောကြ၏။
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ငါသည်ထာဝရဘုရား၏အကူအညီမပါဘဲ သင်တို့၏ပြည်ကိုတိုက်ခိုက်ဖျက်ဆီးသည်ဟု သင် တို့ထင်မှတ်ကြပါသလော။ သင်တို့ပြည်ကိုတိုက် ခိုက်ဖျက်ဆီးရန် ထာဝရဘုရားကိုယ်တော်တိုင် ပင်ငါ့အားစေခိုင်းတော်မူ၏'' ဟုဆို၏။
နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
``သို့ရာတွင်သင်၏အကြောင်းကိုအကုန် အစင်ငါသိ၏။ သင်အဘယ်အမှုကိုပြု ၍အဘယ်အရပ်သို့သွားသည်ကိုလည်း ကောင်း၊ ငါ့အားအဘယ်မျှအမျက်ထွက် လျက်နေသည်ကိုလည်းကောင်းငါသိ၏။-
မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။