အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။
ဟေရှာယ 33:18 - Common Language Bible လူမျိုးခြားအခွန်ခံများနှင့်သူလျှိုတို့အား သင်တို့ကြောက်ရွံ့ရမှုများသည်အတိတ် ကာလမှအဖြစ်အပျက်များသာလျှင် ဖြစ်၍နေလိမ့်မည်။- Garrad Bible စာ ရင်း ကိုင်၊ အ ခွန် ကောက်၊ ပြ အိုး ရေ တွက် သူ များ တို့ သည် အ ဘယ် နည်း ဟူ၍ လွန် ပြီး ဘေး ကို ဆင် ခြင် ခွင့် ရ သည် နှင့်၊ Judson Bible သင်သည် ကြောက်လန့်ဖွယ်သော အခြင်းအရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်မှာ ရှိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း “စာရေးတော်ကြီး အဘယ်မှာရှိသနည်း၊ အခွန်ကောက်ခံသူ အဘယ်မှာရှိသနည်း၊ ပြအိုးရေတွက်သူ အဘယ်မှာရှိသနည်း”ဟု သင့်စိတ်နှလုံးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာကို ပြန်တွေးလိမ့်မည်။ |
အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။
အာရှုရိဧကရာဇ်ဘုရင်တိကလတ်ပိလေသာ သည် ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်လာ၏။ ထိုအခါမေနဟင်သည်မိမိ၏ပြည်တွင် အာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိကလတ်ပိလေသာ ၏အထောက်အကူကိုရရှိနိုင်ရန် သူ့အားငွေသုံး ဆယ့်ရှစ်တန်ဆက်သလေသည်။-
ဟေဇကိသည်စေတမန်လွှတ်၍လာခိရှမြို့ရှိ သနာခရိပ်အား``အကျွန်ုပ်မှားပါပြီ။ အရှင်၏ တိုက်ခိုက်မှုကိုရပ်စဲတော်မူပါ။ အရှင်တောင်းဆို သမျှအကျွန်ုပ်ပေးပါမည်'' ဟုလျှောက်စေ၏။ ဧကရာဇ်ဘုရင်ကမိမိထံသို့ငွေဆယ်တန်နှင့် ရွှေတစ်တန်ပေးဆက်ရမည်ဖြစ်ကြောင်းပြန် ကြားလိုက်လေသည်။-
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။-
ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား များပြားဆိုးရွားသောဘေးဒုက္ခများနှင့် တွေ့ကြုံစေတော်မူသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြန်၍ အားအင်ပြည့်ဝစေတော်မူလျက်သေဘေးမှ ကယ်တော်မူပါလိမ့်မည်။
သူတို့သည်လူတို့အားညဥ့်ဦးယံ၌ တုန်လှုပ် ချောက်ချားစေကြသော်လည်း မိုးသောက်ယံ၌ မရှိကြတော့ပါတကား။ ဤကားငါတို့ပြည် ကိုလုယက်တိုက်ခိုက်သူမှန်သမျှတို့၏ကံ ကြမ္မာပင်ဖြစ်လေသည်။
သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-
ဒါဝိဒ်၏လူတို့သည်မိမိတို့သားသမီးများ ဆုံးရှုံးရကြသည့်အတွက် စိတ်ညှိုးငယ်လျက် ဒါဝိဒ်အားခဲနှင့်ပေါက်ရန်ခြိမ်းခြောက်နေသဖြင့် ဒါဝိဒ်သည်အတိဒုက္ခရောက်လျက်ရှိ၏။ သို့ရာ တွင်သူသည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားထံတော်မှခွန်အားကိုရရှိပေသည်။-