ထာဝရဘုရားသည်လူမျိုးတကာတို့ အား``ယခုငါသည်အရေးယူဆောင်ရွက် ပေတော့အံ့။ ငါ၏တန်ခိုးတော်ကြီးမားပုံ ကိုပြတော်မူမည်။-
ထာ ဝ ရ ဘု ရား က ယ ခု ပင် ငါ ထ မည်။ ယ ခု ပင် ငါ ကြွ မည်။ ယ ခု ပင် ကိုယ် ကို ချီး မြှောက် မည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်။ ယခု ချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကိုကိုယ် ချီးမြှောက်မည်။
ထာဝရဘုရားက “ယခုပင် ငါထမည်။ ငါ့ကိုယ်ငါချီးမြှောက်မည်။ ငါသည် ချီးမြှောက်ခြင်းခံရမည်။
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
နောက်ဆုံး၌ထာဝရဘုရားသည်အိပ်ရာမှ နိုးထသူကဲ့သို့လည်းကောင်း စပျစ်ရည်အရှိန်ဖြင့်စိတ်တက်ကြွလာသော သူရဲကဲ့သို့လည်းကောင်းနိုးထတော်မူ၏။
အဘယ်သူသည်ငါ့ဘက်မှာရှိ၍သူယုတ်မာ တို့အား ဆန့်ကျင်ပါသနည်း။ အဘယ်သူသည်ငါ့တစ်ဘက်ရှိမကောင်းမှု ပြုသူတို့အားဆန့်ကျင်ပါသနည်း။
ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။-
ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ လူတို့ သည်ကိုယ်တော်၏အမျက်တော်၊ တန်ခိုးတော် နှင့်ဘုန်းအသရေတော်၏အရှိန်အဝါမှ ကင်းဝေးကြစေရန် မြေတွင်းများနှင့်ကျောက် တောင်လှိုဏ်ဂူများတွင်ပုန်းအောင်းနေကြ လိမ့်မည်။
သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဖြောင့်မှန်စွာပြုတော်မူခြင်းအားဖြင့် မိမိ၏ကြီးမြတ်မှုကိုဖော်ပြတော်မူလိမ့် မည်။ မိမိ၏သန့်ရှင်းမြင့်မြတ်မှုကိုထင်ရှား စေတော်မူလိမ့်မည်။-
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။