အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
ဟေရှာယ 23:15 - Common Language Bible ဘုရင်တစ်ပါး၏တစ်သက်၊ အနှစ်ခုနစ်ဆယ် တိုင်တိုင်တုရုမြို့ကိုလူတို့မေ့ပျောက်လျက် နေမည့်အချိန်ကာလကျရောက်လာလိမ့် မည်။ နှစ်များကုန်လွန်သွားသောအခါ တုရုမြို့သည်၊ ``သနားစရာကောင်း၍လူတို့ အမှတ်မရကြတော့သည့်ပြည့်တန်ဆာမ၊ သင်၏စောင်းကိုယူ၍မြို့ကိုလှည့်လည်လော့။ သင်၏ချစ်သူများပြန်လာကြစေရန် စောင်းကိုတီး၍သီချင်းများကိုဆိုဦးလော့'' အစရှိသည့်သီချင်းထဲကပြည့်တန်ဆာမ နှင့်တူလိမ့်မည်။ Garrad Bible ထို ကာ လ၊ မင်း တစ် ပါး အ သက် တမ်း အ လျောက်၊ အ နှစ် ခု နစ် ဆယ် ပတ် လုံး တု ရု မြို့ ကို သ တိ မ ထား ကြ။ ထို အ နှစ် ခု နှစ် ဆယ် ကုန် လွန် ပြီး မှ၊ သ တိ မဲ့ စွာ၊ ခံ ခဲ့ ရှာ သည်၊ ပြည် တန် ဆာ မ၊ အို မိန်း မ၊ သ တိ ရ လို၊ စောင်း ကို ကိုင် ကာ၊ မြို့ လမ်း မှာ ပင်၊ သာ ယာ သံ ချို၊ ဖွဲ့ သီ ဆို လော့၊ ဟူ သော ပြည် တန် ဆာ မ တေး က ဗျာ အ တိုင်း၊ တု ရု မြို့၌ ဖြစ် လိမ့် မည်။ Judson Bible ထိုကာလ၌ တုရုမြို့ကို၊ မင်းဆက်တစ်ဆက် အတိုင်းအရှည်၊ အနှစ်ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှ မအောက်မေ့ရ။ အနှစ် ခုနစ်ဆယ်လွန်သောအခါ၊ ပြည့်တန်ဆာမိန်းမအား သီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ တိုင်ရာမြို့သည် ရှင်ဘုရင်တစ်ပါး၏နန်းသက်အတိုင်း နှစ်ပေါင်းခုနစ်ဆယ် မေ့လျော့ခြင်းခံရမည်။ နှစ်ပေါင်းခုနစ်ဆယ်အဆုံး၌ တိုင်ရာမြို့သည် သီချင်းထဲက ပြည့်တန်ဆာမကဲ့သို့ ဖြစ်မည်။ |
အနှစ်ခုနစ်ဆယ်ကုန်လွန်သောအခါ၊ ထာဝရ ဘုရားသည်တုရုမြို့အားရှေးအခါကနည်း တူ တစ်ဖန်ပြန်၍ကုန်သွယ်ရန်ခွင့်ပြုတော်မူ လိမ့်မည်။ ထိုမြို့သည်ကမ္ဘာပေါ်ရှိနိုင်ငံတကာ ၏အစေကိုခံလိမ့်မည်။-
``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
သို့ဖြစ်၍အချင်းပြည့်တန်ဆာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။
သင်၏ထံမှကုန်စည်များကိုအကြီးမား ဆုံးကုန်သင်္ဘောကြီးများဖြင့်သယ်ဆောင် သွားကြ၏။ ``သင်သည်လေးလံသောကုန်စည်များကို တင်ဆောင်ကာပင်လယ်ထဲသို့ရောက်နေသော သင်္ဘောနှင့်တူ၏။
မည်သည့်လူနှင့်တိရစ္ဆာန်မျှထိုပြည်ကို ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ အနှစ် လေးဆယ်တိုင်တိုင်ထိုပြည်တွင်နေသူရှိ လိမ့်မည်မဟုတ်။-
ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
ဆိတ်သည်ဂရိတ်နိုင်ငံဖြစ်၏။ သူ၏မျက်စိ များအကြားမှငေါ၍ထွက်နေသောဦးချို ကား ထိုနိုင်ငံ၏ပထမမြောက်ဘုရင်ဖြစ်၏။-
သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-
ရှင်ဘုရင်ငါးပါးကားကျဆုံးသွားလေပြီ။ တစ်ပါးသည်အသက်ရှင်လျက်ရှိ၏။ အခြား တစ်ပါးမှာမပေါ်ထွန်းသေးပေ။ ပေါ်ထွန်း လာလျှင်လည်းခဏမျှသာအုပ်စိုးရလိမ့်မည်။-