ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။ သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
ဟေဗြဲ 9:15 - Common Language Bible ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ Garrad Bible ထို ကြောင့် ပ ထ မ ပ ဋိ ညာဉ် ကို လွန် ကြူး မှု များ မှ ရွေး နုတ် ရန် အ သေ ခံ ပြီး နောက် ခေါ် ထား တော် မူ သူ တို့ သည် က တိ တော် အ တိုင်း ထာ ဝ ရ အ မွေ ကို ခံ စား ရ စေ ခြင်း ငှာ ကိုယ် တော် သည် ပ ဋိ ညာဉ် သစ် ဆိုင် ရာ စေ့ စပ် သော အ ရှင် ဖြစ် တော် မူ ၏။ Judson Bible ထိုကြောင့် ပထမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှာ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ကတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ ဤသည်ကား ပထမပဋိညာဉ်လက်အောက်၌ ဖောက်ဖျက်ကျူးလွန်သောအပြစ်များမှ လူတို့ကိုရွေးနုတ်ရန် ကိုယ်တော်သည် အသေခံတော်မူခြင်းအားဖြင့် ခေါ်ယူတော်မူသောသူတို့သည် ထာဝရအမွေနှင့်ဆိုင်သောကတိတော်ကို ရရှိမည့်အကြောင်းတည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ |
ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။ သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
မင်းကြီးသည်ဖိတ်ကြားထားသူများထံသို့မင်း စေတို့ကိုလွှတ်၍ခေါ်ဖိတ်စေ၏။ သို့ရာတွင်သူတို့ သည်မလာလိုကြ။-
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''
သခင်ယေရှုသည်ခရီးပြုရန်ထွက်တော်မူစဉ် လူတစ်ယောက်သည်အထံတော်သို့ပြေးလာပြီး လျှင်ရှေ့တော်၌ဒူးထောက်လျက် ``ကောင်းမြတ် တော်မူသောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှာ အကျွန်ုပ်သည်အဘယ်သို့ပြုရမည်နည်း'' ဟုမေးလျှောက်၏။
ယုဒအမျိုးသားအရာရှိတစ်ယောက် က ``ကောင်းမြတ်တော်မူသောဆရာ၊ ထာဝရ အသက်ကိုရအံ့ငှာအကျွန်ုပ်သည်အဘယ် အရာကိုပြုရပါမည်နည်း'' ဟုကိုယ်တော် အားမေးလျှောက်၏။
ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
ငါသည်သူတို့အားထာဝရအသက်ကိုပေးသည် ဖြစ်၍ သူတို့သည်သေခြင်းနှင့်အစဉ်မပြတ်ကင်း လွတ်ကြလိမ့်မည်။ အဘယ်သူမျှသူတို့ကိုငါ့ လက်မှလုယူ၍မရနိုင်။-
``ယခုသင်တို့အားဘုရားသခင်၏လက် တော်သို့လည်းကောင်း၊ ကျေးဇူးတော်တရား သို့လည်းကောင်းငါအပ်နှံပါ၏။ ထိုကျေးဇူး တော်တရားသည်သင်တို့ကိုတည်ဆောက်၍ ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့အတွက် လျာထားသည့်ကောင်းချီးမင်္ဂလာများကိုသင် တို့အားခံစားစေလိမ့်မည်။-
ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။
ငါတို့သည်ကိုယ်တော်ခေါ်ယူတော်မူသော သူများဖြစ်ကြ၏။ ကိုယ်တော်သည်ငါတို့ကို ခေါ်ယူရာတွင်ယုဒအမျိုးသားများအထဲ မှသာမက လူမျိုးခြားများအထဲမှ လည်းခေါ်ယူတော်မူသတည်း။
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
သို့ရာတွင်တစ်ဦးတည်းသာပါဝင်ဆောင်ရွက် သောအခါ ကြားဝင်စေ့စပ်သူကိုမလိုတော့ ချေ။ ဘုရားသခင်သည်တစ်ပါးတည်းဖြစ် တော်မူသတည်း။
ငါတို့သည်ခရစ်တော်အသေခံတော်မူခြင်း ကြောင့်၊ မိမိတို့အပြစ်၏အနှောင်အဖွဲ့မှလွတ် မြောက်ကြရ၏။ တစ်နည်းအားဖြင့်အပြစ်ဖြေ လွှတ်ခွင့်ကိုရရှိကြ၏။ ငါတို့အားဘုရား သခင်ဤကဲ့သို့ရက်ရောစွာချပေးတော်မူ သည့်ကျေးဇူးတော်သည်အလွန်ကြီးမြတ် လှပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောဉာဏ်ပညာအသိပညာနှင့်ကြွယ်ဝ ပြည့်စုံတော်မူသည်နှင့်အညီ၊-
သင်တို့သည်ယင်းသို့ကယ်တင်ခြင်းကိုခံရ၍ ငါတို့အရှင်သခင်ယေရှုခရစ်နှင့်အတူ ဘုန်းအသရေတော်ကိုခံယူနိုင်ကြစေရန် ဘုရားသခင်သည်ငါတို့ဟောပြောကြေညာ သည့်သတင်းကောင်းအားဖြင့် သင်တို့ကိုရွေး ချယ်တော်မူသတည်း။-
ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-
ထို့ကြောင့်ငါသည်ဘုရားသခင်ရွေးကောက် တော်မူသောလူစုတော်၏အတွက်မည့်သည့် ဒုက္ခဆင်းရဲကိုမဆိုခံ၏။ ဤသို့ခံခြင်းမှာ သူတို့သည်လည်းထာဝရဘုန်းအသရေ နှင့်တကွယေရှုခရစ်အားဖြင့်ကယ်တင် ခြင်းကိုခံရစေရန်ဖြစ်၏။-
ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။-
ယင်းသို့ပြုတော်မူခြင်းမှာငါတို့သည်ကျေးဇူး တော်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံမှုကိုရရှိကာ ငါတို့မျှော်လင့်တောင့်တသည့် ထာဝရအသက်ကိုခံယူရကြစေရန်ပင် ဖြစ်ပေသည်။-
သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-
ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။
ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။-
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
ထိုသားသမီးများသည်အသွေးအသားရှိ သူများဖြစ်ကြသဖြင့် သခင်ယေရှုသည်ထို သူတို့နည်းတူအသွေးအသားရှိသူအဖြစ် ကိုခံယူတော်မူ၏။ ယင်းသို့ခံယူတော်မူခြင်း မှာ သေခြင်းကိုအစိုးရသည့်မာရ်နတ်၏ တန်ခိုးကိုချိုးနှိမ်ပစ်ရန်ပင်ဖြစ်၏။-
ဘုရားသခင်ရွေးချယ်ခေါ်ယူတော်မူခြင်း ကို ခံရသောသန့်ရှင်းသူညီအစ်ကိုတို့၊ သခင် ယေရှုအကြောင်းကိုစဉ်းစားဆင်ခြင်ကြ လော့။ ငါတို့၏ဘာသာတရားတော်ဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူစေရန် ကိုယ် တော်အားဘုရားသခင်စေလွှတ်တော်မူ၏။-
ဘုရားသခင်သည်အာဗြဟံအားကတိ ထားတော်မူသောအခါတိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီးမြတ်သူမရှိသဖြင့် မိမိကိုယ် ကိုပင်လျှင်တိုင်တည်ကျိန်ဆိုတော်မူပေသည်။-
အာဗြဟံသည်စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သဖြင့် ကတိတော်အတိုင်းခံစားရလေသည်။-
ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။
ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။
ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် ထဲသို့ တစ်ကြိမ်တည်းအပြီးအပိုင်ဝင်တော်မူ သောအခါ၊ ယဇ်ပူဇော်ရန်ဆိတ်သွေး၊ နွားသွေး နှင့်ဝင်တော်မမူ။ မိမိကိုယ်တော်တိုင်၏သွေး နှင့်ဝင်တော်မူ၍ ငါတို့အားထာဝရ ကယ်တင်ခြင်းကိုပေးတော်မူ၏။-
သေတမ်းစာအတည်ဖြစ်နိုင်ရန်သေတမ်းစာကို ရေးသားခဲ့သူမှာ အမှန်ပင်သေပြီဖြစ်ကြောင်း အထောက်အထားပြရပေသည်။-
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။
စုံစမ်းနှောင့်ယှက်ခြင်းကိုကြံ့ကြံ့ခံနိုင်သော သူသည်မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည်ယင်းသို့ခံနိုင်သည်ရှိသော် ဘုရား သခင်ကိုချစ်သောသူတို့အားကိုယ်တော်ကတိ ထားတော်မူသည့်အသက်တည်းဟူသောဆု ကိုရရှိမည်ဖြစ်သောကြောင့်တည်း။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
ဤကားငါတို့အားခရစ်တော်ကိုယ်တော်တိုင် ကတိထားတော်မူသောထာဝရအသက် ပေတည်း။
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။