``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
ဟေဗြဲ 9:10 - Common Language Bible ထိုအရာတို့သည်အစားအသောက်များ၊ ဆေး ကြောသန့်စင်ခြင်းဝတ်အမျိုးမျိုးနှင့်ဆိုင်၏။ ယင်းတို့သည်အပြင်အပနှင့်ဆိုင်သည့်စည်း မျဉ်းများဖြစ်၍ ခပ်သိမ်းသောအရာတို့ကို ဘုရားသခင်အသစ်ပြုပြင်တော်မူမည့် ကာလတိုင်အောင်သာလျှင်တည်ရှိနေကြ၏။ Judson Bible စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရာတို့သည် အစားအသောက်များ၊ အမျိုးမျိုးသော စင်ကြယ်စေခြင်းဝတ်များဖြစ်၍ အပြင်ပိုင်းနှင့်ဆိုင်သော စည်းမျဉ်းများသာ ဖြစ်ကြ၏။ ၎င်းတို့သည် အသစ်ပြုပြင်တော်မူမည့်အချိန်အထိသာ တည်ရှိကြရ၏။ |
``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
သူသည်ပစ္စည်းကိုဖွပ်လျှော်သဖြင့်ဖားဥ ကွက်ပျောက်လျှင် နောက်တစ်ကြိမ်ထပ်မံဖွပ် လျှော်ရမည်။ ထို့နောက်ပစ္စည်းသည်ဘာသာ ရေးထုံးနည်းအရသန့်ရှင်းလိမ့်မည်။
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
ထိုနောက်ထာဝရဘုရားသည် အောက်ပါညွှန် ကြားချက်များကိုပေးတော်မူ၏။ အာရုန်သည် အလွန်သန့်ရှင်းရာဌာနတော်ထဲသို့မဝင်မီ ရေချိုး၍ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သောပိတ်ချောဝတ်ရုံ၊ ဘောင်းဘီ၊ ခါးစည်း နှင့်ဗောင်းထုပ်များကိုဝတ်ဆင်ရမည်။
ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
ထိုသူသည်သေရည်သေရက်ကိုရှောင်ကြဉ်ရ မည်။ သူသည်စပျစ်ရည်ကိုမသောက်ရ၊ စပျစ် သီးစိမ်းသို့မဟုတ်စပျစ်ခြောက်ကိုမစား ရ။-
စျေးမှဝယ်ယူသည့်အရာအားလုံးကိုမဆေး မကြောရလျှင်မစားကြ။ အိုး၊ ခွက်၊ ကြေးဖလား နှင့်ခုတင်များကိုဆေးကြောနည်းမှစသောထုံး တမ်းစဉ်လာများကို သူတို့သည်လိုက်နာကျင့်သုံး ကြ၏။)
ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။
ကိုယ်တော်သည်ဥပဒေစည်းမျဉ်းများနှင့်တကွ ယုဒပညတ်တရားကိုပယ်ဖျက်တော်မူသဖြင့် ယုဒအမျိုးသားများနှင့်လူမျိုးခြားတို့အား မိမိနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက်လူ မျိုးအသစ်ကိုဖြစ်ပေါ်စေတော်မူသည်။ ဤနည်း အားဖြင့်ရန်ငြိမ်းမှုကိုပေးတော်မူ၏။-
ထို့နောက်လူသေအလောင်းတွေ့ရှိရာအရပ် နှင့်အနီးဆုံးမြို့မှအကြီးအကဲအပေါင်း တို့သည် နွားမအပေါ်တွင်လက်ကိုရေဆေး လျက်၊-
ထိုသူသည်ညနေအချိန်တွင်ရေချိုး၍ နေ ဝင်ချိန်တွင်တပ်စခန်းထဲသို့ပြန်ဝင်နိုင်သည်။
သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။-
သို့ဖြစ်၍ငါတို့သည်မိမိတို့၏သန့်သော သြတ္တပ္ပစိတ်စင်ကြယ်လျက် ငါတို့၏ကိုယ်ခန္ဓာ များကိုရေစင်ဖြင့်ဆေးကြော၍ရိုးသားသော စိတ်၊ ခိုင်မာသောယုံကြည်ခြင်းတို့ဖြင့်ဘုရား သခင်ထံတော်သို့ချဉ်းကပ်ကြကုန်အံ့။-
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။
ငါတို့ပြောဆိုသောနောင်အခါတည်ရှိမည့် ကမ္ဘာသစ်ကိုအုပ်စိုးရန်ကောင်းကင်တမန် များအားပေးအပ်တော်မမူ။-
ငါတို့သည်ဗတ္တိဇံမင်္ဂလာ၊ သိက္ခာတင်မင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်တော်မူခြင်းအကြောင်းတို့ကို သင်တို့အားသင်ကြားပြီးဖြစ်သည်။-
ဘုရားသခင်၏နှုတ်ကပတ်တော်ကောင်းမြတ်ပုံ ကိုလည်းကောင်း၊ နောင်ကပ်ကာလနှင့်ဆိုင်သော တန်ခိုးများကိုလည်းကောင်းကိုယ်တွေ့ခံစား ခဲ့ရသူများဖြစ်ကြ၏။-
အဘယ်ကြောင့်ဆိုသော်ယဇ်ပုရောဟိတ်မျိုးရိုး ကိုပြောင်းလဲလိုက်သောအခါ တရားကိုလည်း ပြောင်းလဲရန်လိုအပ်၍လာသောကြောင့်ဖြစ် သည်။-
ထိုသူသည်ယဇ်ပုရောဟိတ်အရိုက်အရာကို လူတို့ချမှတ်ထားသည့်စည်းမျဉ်းဥပဒေများ အရခံယူရရှိထားသည်မဟုတ်။ အဘယ် အခါ၌မျှ မကုန်မဆုံးနိုင်သည့်အသက်၏ တန်ခိုးအာနုဘော်အရခံယူရရှိထားခြင်း ဖြစ်၏။-
ပထမပဋိညာဉ်တရားအတွက်ဝတ်ပြု ခြင်းဆိုင်ရာထုံးနည်းများနှင့်လူတို့တည် ဆောက်သည့်ဝတ်ပြုရာဌာနတော်ရှိ၏။-