အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
ဟောရှေ 10:14 - Common Language Bible စစ်ပွဲတွင်သင်တို့အားရန်သူများတိုက်ခိုက် ၍သင်တို့၏ခံတပ်များပြိုပျက်ကုန်ကြလိမ့် မည်။ ရှာလမန်ဘုရင်စစ်ချီ၍ဗေသာဗေလ မြို့ကိုတိုက်ခိုက်ဖျက်ဆီးသောအခါ မိခင် နှင့်ကလေးများသတ်ဖြတ်သုတ်သင်ခြင်း ခံရကြ၏။- Garrad Bible သင့် အ မျိုး အ နွယ် များ သည်၊ တပ် သံ ကို ကြား ရ သည့် အ တိုင်း၊ ခပ် သိမ်း သော ခံ မြို့ သည်၊ ရှာ လ မန် မင်း တိုက် ခိုက် လု ယူ ခဲ့ ရာ ဗေ သာ ဗေ လ မြို့ ကဲ့ သို့ ပျက် စီး သ ဖြင့်၊ မြို့ တော် နှင့် ဇ န ပုဒ် များ ပါ ဆောင့် ဖွပ် ခံ ရ လ တ္တံ့။ Judson Bible ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြလိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ်တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှတို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရှာလမန်မင်းကြီးသည် ဗေသာဗေလမြို့ကို တိုက်ခိုက်ဖျက်ဆီးစဉ်က မိခင်နှင့် သားသမီးများကိုင်ပေါက်ခံရသကဲ့သို့ သင်၏လူမျိုးတို့တွင် အုတ်အုတ်ကျက်ကျက်အသံများ ထွက်ပေါ်လာလိမ့်မည်။ သင်၏ခံတပ်မြို့များသည်လည်း ဖျက်ဆီးခြင်းခံရမည်။ |
အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်ရှိသမျှကိုချိုးဖောက် ကြလျက် ကိုးကွယ်ရန်နွားလားဥသဘရုပ် နှစ်ကောင်ကိုသွန်းလုပ်ကြ၏။ သူတို့သည် အာရှရဘုရားမရုပ်တုကိုလည်းပြုလုပ် ကြ၏။ ကြယ်နက္ခတ်များကိုရှိခိုး၍ဗာလ ဘုရားကိုကိုးကွယ်ကြ၏။-
အာရှုရိဧကရာဇ်ဘုရင်ရှာလမနေဇာစစ်ချီ လာသောအခါ ဟောရှေသည်အရှုံးပေးပြီး လျှင်နှစ်စဉ်နှစ်တိုင်းအခွန်ဘဏ္ဍာဆက်သ လေသည်။-
အခြားလူမျိုးတို့၏ဘုရားများသည်ထိုသူ တို့၏ပြည်များကို အာရှုရိဧကရာဇ်ဘုရင် ၏လက်မှကယ်ဆယ်ခဲ့ကြပါသလော။-
ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
အပြစ်ကူးလွန်သည့်ဇိအုန်မြို့သူမြို့သား တို့သည်ကြောက်ရွံ့တုန်လှုပ်၍နေကြ၏။ သူ တို့က``ဘုရားသခင်၏တရားစီရင်တော် မူချက်သည် ထာဝစဉ်တောက်လောင်နေသော မီးနှင့်တူ၏။ ဤသို့သောမီးမှငါတို့လွတ် မြောက်၍အသက်မသေဘဲကျန်ရှိနိုင်ကြ ပါမည်လော'' ဟုဆိုကြ၏။-
ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
ဗေသလမြို့သားတို့၊ သင်တို့သည်ကြီးလေး သောဒုစရိုက်ကိုကူးလွန်ခဲ့သဖြင့် ထိုကဲ့ သို့သောအဖြစ်အပျက်မျိုးနှင့်ကြုံရလိမ့် မည်။ စစ်ပွဲစလျှင်စခြင်းဣသရေလဘုရင် ကျဆုံးရလိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှမာရိပြည်သည်ငါ့ကိုပုန်ကန်သော ကြောင့်ဒဏ်ခတ်ခြင်းကိုခံရမည်။ ရှမာရိ ပြည်သားတို့သည်စစ်ဘေးကြောင့်သေကြေ ပျက်စီးရမည်။ ကလေးငယ်တို့သည်မြေ ပေါ်သို့ဆောင့်သတ်ခြင်းကိုခံရမည်။ ကိုယ် ဝန်ဆောင်တို့၏ဝမ်းများကိုလဲခွဲခံရမည်။''
ငါသည်ဣသရေလအမျိုးသားတို့ကို အပြစ်ပေးသောနေ့၌ ဗေသလယဇ်ပလ္လင်တို့ ကိုဖျက်ဆီးလိုက်မည်။ ယဇ်ပလ္လင်တိုင်း၏ထောင့် များ၌ရှိသောဦးချိုတို့ကိုခုတ်လှဲ၍မြေ ပေါ်သို့ကျသွားစေမည်။-
ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား သည် ပထဝီမြေကြီးကိုတို့တော်မူသဖြင့်၊ မြေငလျင်ကြီးလှုပ်သည်။ မြေသားအပေါင်းတို့လည်းငိုကြွေးရမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည်မှနိုင်းမြစ်ကဲ့သို့ တက်ခြင်းကျခြင်းရှိလိမ့်မည်။
ငါသည်သင်တို့ပြည်တွင်ရှိသောမြို့များ ကိုဖျက်ဆီး၍ သင်တို့၏ခံတပ်များကို ဖြိုဖျက်မည်။-
သီဘီမြို့သူမြို့သားတို့သည်ပြည်နှင်ဒဏ်သင့် ကြလျက်သူတို့၏သားသမီးများသည်လမ်း ဆုံလမ်းခွတိုင်း၌အရိုက်အနှက်ခံရကြ၏။ သူတို့အထဲမှဂုဏ်အသရေရှိသူများကို သံကြိုးများနှင့်ချည်နှောင်ခေါ်ဆောင်ကာ မိမိတို့အချင်းချင်းမဲချ၍ခွဲဝေယူကြ၏။
သင်၏ခံတပ်မှန်သမျှသည်အသီးမှည့်များ ရှိသည့်သဖန်းပင်များနှင့်တူ၍ အပင်ကို လှုပ်လိုက်လျှင်စားချင်သူ၏ခံတွင်းသို့ အသီးများကျလာလိမ့်မည်။-
သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-