ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
သူကြီး 4:7 - Common Language Bible သင့်ကိုတိုက်ခိုက်စေရန်ရာဘိန်မင်း၏စစ်သူ ကြီးသိသရကိုကိရှုန်မြစ်သို့ငါခေါ်ဆောင် ခဲ့မည်။ သူ၏ထံတွင်ရထားများနှင့်စစ်သည် ဗိုလ်ပါများပါရှိလိမ့်မည်။ သို့ရာတွင်ငါသည် သင့်အားသူ့ကိုနိုင်နင်းအောင်မြင်စေမည်' ဟု သင့်အားမိန့်တော်မူလေပြီ'' ဟုပြော၏။ Garrad Bible ငါ လည်း၊ ယာ ဘိန် မင်း၏ ဗိုလ် ချုပ် သိ သ ရ နှင့် ရ ထား တပ် ကို အ လုံး အ ရင်း ပါ၊ သင် ရှိ ရာ ကိ ရှုန် မြစ် တို့ သွေး ဆောင် လျက် သင့် လက် တွင်း သို့ အပ် နှင်း မည် ဟူ၍ မိန့် မှာ တော် မူ ခဲ့ သည် မ ဟုတ် တုံ လော ဟု ဆို ရာ၊ Judson Bible ငါသည်လည်း ယာဘိန်မင်း၏ဗိုလ်ချုပ် သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာကိရှုန်မြစ်သို့ သွေးဆောင်၍ သင့်လက်၌အပ်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါသည်လည်း ယာဘိန်မင်းကြီး၏စစ်သူကြီးသိသရနှင့် သူ၏စစ်ရထားအလုံးအရင်းကို ကိရှုန်မြစ်သို့ လှည့်ပတ်ခေါ်ခဲ့ပြီး သင့်လက်သို့အပ်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု သူ့အားဆို၏။ |
ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
ငါသည်အီဂျစ်အမျိုးသားတို့ကိုခေါင်း မာစေသဖြင့် သူတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ဆင်းလိုက်ကြ လိမ့်မည်။ ငါသည်ဘုရင်နှင့်တကွသူ၏ စစ်တပ်၊ ရထားတပ်နှင့်မြင်းတပ်တို့ကို နှိမ်နင်းအောင်မြင်ခြင်းအားဖြင့် ငါ၏ ဘုန်းထင်ရှားလိမ့်မည်။-
ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။-
သေစေရန်မရည်ရွယ်ဘဲနှင့်မတော်တဆ သတ်မိလျှင် သတ်သောသူသည်ငါသတ်မှတ် ပေးမည့်လုံခြုံရာအရပ်သို့ရှောင်တိမ်းနေ နိုင်၏။-
ထာဝရဘုရားသည်ယောရှုအား``သူတို့ကို မကြောက်နှင့်။ ငါသည်သူတို့ကိုသင့်လက်သို့ အပ်ပြီ။ မည်သူမျှသင့်ကိုမခုခံနိုင်'' ဟူ၍ မိန့်တော်မူ၏။-
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
ထာဝရဘုရားကယောရှုအား``သူတို့ ကိုမကြောက်နှင့်။ နက်ဖြန်နေ့ဤအချိန် သို့ရောက်လျှင်ငါသည်သူတို့အားလုံးကို ဣသရေလအမျိုးသားတို့လက်သို့ အသေအပ်မည်။ သင်သည်သူတို့၏မြင်း များခြေကြောကိုဖြတ်၍စစ်ရထား များကိုမီးရှို့ရမည်'' ဟုမိန့်တော်မူ၏။-
ထိုအခါသင်တို့ပုန်းကွယ်ရာမှထွက်၍မြို့ ကိုသိမ်းယူရမည်။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်မြို့ကိုသင်တို့လက် သို့အပ်တော်မူမည်။-
ထိုအခါဒေဗောရကဗာရက်အား``သင်သွား လော့။ ထာဝရဘုရားသည်သင့်အားရှေ့ဆောင် လျက်နေတော်မူပြီ။ ယနေ့၌ပင်ကိုယ်တော် သည်သင့်အားသိသရအပေါ်တွင်အောင်ပွဲ ခံစေတော်မူလေပြီ'' ဟုပြော၏။ သို့ဖြစ်၍ ဗာရက်သည်မိမိ၏လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းပြီးနောက်၊-
ထိုအခါဗာရက်က``အကယ်၍အကျွန်ုပ်နှင့် အတူ အရှင်လိုက်မည်ဆိုလျှင်အကျွန်ုပ်သွား ပါမည်။ အရှင်မလိုက်လိုပါကအကျွန်ုပ် လည်းမသွားလိုပါ'' ဟုဆို၏။
အဟုန်ပြင်းသည့်ကိရှုန်မြစ်သည်ရေလျှံ၍ ရန်သူတို့အားမျောပါသွားစေ၏။ ငါချီတက်မည်။ ခွန်အားဗလနှင့်ရှေ့သို့ ချီတက်မည်။
ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။-