သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။-
သူကြီး 21:10 - Common Language Bible မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။- Garrad Bible သို့ ဖြစ်၍ ပ ရိ သတ် သည် စစ် သူ ရဲ တစ် သောင်း နှစ် ထောင် တို့ ကို စေ လွှတ်၍ ဂိ လဒ် နယ်၊ ယာ ဗက် မြို့ သူ မြို့ သား တို့ ကို သူ ငယ် မ ကျန်၊ ဓား ဖြင့် အ လုပ် အ ကြံ သွား ကြ ချေ။ Judson Bible ထိုအခါ စုဝေးသောသူတို့သည် စစ်သူရဲတစ်သောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည်သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သား ယောက်ျား၊ မိန်းမ၊ သူငယ်တို့ကို ဓားနှင့်လုပ်ကြံကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က ရဲစွမ်းသတ္တိရှိသောစစ်သူရဲတစ်သောင်းနှစ်ထောင်ကို စေလွှတ်၍ “ယာဗက်ဂိလဒ်မြို့သားတို့ကို မိန်းမရော ကလေးပါမကျန် ဓားနှင့်သတ်ပစ်ရမည်။ |
သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။-
ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
ယောရှုနှင့်ဣသရေလအမျိုးသားအပေါင်း တို့သည်အာခန်နှင့်တကွငွေ၊ ဝတ်ရုံနှင့်ရွှေ ချောင်းကိုလည်းကောင်း၊ သူ၏သားသမီးများ၊ သိုး၊ နွား၊ မြည်း၊ တဲနှင့်သူပိုင်ပစ္စည်းရှိသမျှ တို့ကိုလည်းကောင်းဒုက္ခချိုင့်ဝှမ်းသို့ခေါ် ဆောင်သွားကြလေသည်။-
သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)
မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-
တပ်မတော်မှနာမည်ခေါ်စာရင်းကောက်ယူ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှလူ တစ်စုံတစ်ယောက်မျှမပါဝင်ပေ။-
ထာဝရဘုရား၏ကောင်းကင်တမန်က ``မေရောဇမြို့ကိုကျိန်ဆဲကြလော့။ ထိုမြို့သားတို့အားကျိန်ဆဲကြလော့။ သူတို့သည်ထာဝရဘုရား၏ဘက်မှ ကူညီရန်မလာကြ။ ထာဝရဘုရားအတွက်တိုက်ခိုက်ရန် စစ်သည်တော်များမလာကြ'' ဟုမြွက်ဆို၏။
နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။-
သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-