ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
သူကြီး 20:35 - Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ဗင်္ယာမိန်တပ်အပေါ်တွင်အောင်ပွဲခံစေ တော်မူ၏။ ထိုနေ့၌ဣသရေလအမျိုးသား တို့သည်ရန်သူနှစ်သောင်းငါးထောင်တစ်ရာ ကိုလုပ်ကြံသတ်ဖြတ်လိုက်ကြ၏။- Garrad Bible ဗင်္ယာ မိန့် အ နွယ် ကို ဣ သ ရေ လ လူ မျိုး တို့ ရှေ့ ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သည့် အ လျောက် ထို နေ့ ရက် တွင် ဣ သ ရေ လ အ မျိုး သား တို့ သည် ဗင်္ယာ မိန့် ဓား ကိုင် သူ ရဲ နှစ် သောင်း ငါး ထောင့် တစ် ရာ ကို သတ် ဖြတ် ကြ၏။ Judson Bible ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့်၊ ထိုနေ့တွင် ဣသရေလလူတို့သည် ဓားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူ နှစ်သောင်းငါးထောင်တစ်ရာတို့ကို ပယ်ရှင်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ဗင်္ယာမိန်အမျိုးကို အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေတော်မူသဖြင့် ထိုနေ့၌ အစ္စရေးအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုး ဓားကိုင်သူရဲ အယောက်နှစ်သောင်းငါးထောင့်တစ်ရာကို သတ်လိုက်လေ၏။ |
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
သူတို့သည်ထိုနေ့၌မိမိတို့မြို့များမှစစ် သားနှစ်သောင်းခြောက်ထောင်ကိုခေါ်ထုတ်ခဲ့ ကြ၏။ ထိုမှတစ်ပါးဂိဗာမြို့သားတို့သည် လက်ရွေးစင်ဘယ်သန်လူခုနစ်ရာကိုလည်း စုရုံးပေးကြ၏။ ထိုလက်ရွေးစင်တို့သည် ဆံချည်တစ်ပင်ကိုလောက်လွှဲနှင့်မလွဲ အောင်ပစ်နိုင်သူများဖြစ်ကြ၏။-
ဣသရေလတစ်မျိုးလုံးမှလက်ရွေးစင်လူတစ် သောင်းတို့သည် ဂိဗာမြို့ကိုတိုက်ခိုက်ကြလေသည်။ တိုက်ပွဲမှာပြင်းထန်လှ၏။ ဗင်္ယာမိန်အမျိုးသား တို့သည်မိမိတို့အရေးရှုံးနိမ့်ရတော့မည့် အဖြစ်ကိုမရိပ်မိကြချေ။-
ဗင်္ယာမိန်အမျိုးသားတို့သည်မိမိတို့အရေး ရှုံးနိမ့်ကြသည်ကိုသိမြင်လာကြ၏။ ဣသရေလအမျိုးသားတို့၏ပင်မတပ်ကြီး သည် ဂိဗာမြို့ပတ်လည်တွင်ချထားသည့်တပ်ပုန်း ကိုအားကိုးကာဗင်္ယာမိန်အမျိုးသားတို့၏ ရှေ့မှဆုတ်ခွာသွားကြ၏။-