သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။
သူကြီး 13:24 - Common Language Bible ထိုအမျိုးသမီးသည်သားယောကျာ်းကို ဖွားမြင်၍ သူငယ်အားရှံဆုန်ဟူသောအမည် ဖြင့်မှည့်၏။ ကလေးငယ်သည်လည်းကြီးပြင်း လာရာဘုရားသခင်သည်သူ့အားကောင်း ချီးပေးတော်မူ၏။- Garrad Bible ထို မိန်း မ သည် သား ယောက်ျား ကို ဖွား မြင်၍ ရှံ ဆုန် အ မည် ဖြင့် မှည့် လေ၏။ ထာ ဝ ရ ဘု ရား သည် ကောင်း ကြီး ပေး တော် မူ သည့် အ တိုင်း Judson Bible ထိုမိန်းမသည် သားယောက်ျားကို ဖွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရား ကောင်းချီးပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ မာနော်၏မယားသည် သားယောက်ျားကို မွေးဖွား၍ သူ့ကို ရှံဆုန်ဟုအမည်မှည့်ခေါ်၏။ သူငယ်သည် ကြီးပြင်းလာ၏။ ထာဝရဘုရားသည်လည်း သူ့ကို ကောင်းချီးပေးတော်မူ၏။ |
သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။
သူငယ်တော်ယေရှုသည်ကာယညာဏကြီး ပွားတိုးတက်လျက်ဘုရားသခင့်ရှေ့၊ လူတို့ ရှေ့တွင်မျက်နှာပွင့်လန်းတော်မူ၏။
ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။-
ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။
ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-