သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
သုတ္တံကျမ်း။ 26:27 - Common Language Bible တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။ Garrad Bible တွင်း တူး ဖော် သော သူ သည်၊ ၎င်း တွင်း သို့ ကျ လိမ့် မည်။ ကျောက် ကို လှိမ့် သော သူ့ အ ပေါ်၌ လည်း၊ ထို ကျောက် ကို ပြန်၍ လိမ့် ဖိ လိမ့် မည်။ Judson Bible တွင်းတူးသောသူသည် မိမိတွင်းထဲသို့ကျလိမ့်မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက်သည် ပြန်၍လိမ့်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။ |
သို့ဖြစ်၍ဟာမန်သည်မော်ဒကဲအတွက် မိမိစိုက်ထူထားသည့်လည်ဆွဲတိုင်၌ပင် ကွပ်မျက်ခြင်းခံရလေတော့၏။ ထိုနောက် မှမင်းကြီးသည်အမျက်တော်ပြေသွား လေသည်။
သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။-
သူယုတ်မာတို့သည်မာနထောင်လွှားလျက် ဆင်းရဲသူတို့အားနှိပ်စက်ညှဉ်းပန်းကြ၏။ မိမိတို့ထောင်ထားသောကျော့ကွင်းများတွင် ပြန်၍မိစေတော်မူပါ။
ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့် မည်။ ခြံကိုဖျက်သော သူသည် မြွေကိုက်ခြင်းကို ခံရလိမ့် မည်။
သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
ယေရုရှလင်မြို့သည်အမင်္ဂလာရှိပါသည် တကား။ ယုဒပြည်လည်းပြိုပျက်လျက်နေ လေပြီ။ သူတို့ပြုသမျှသောအမှုများနှင့် ပြောသမျှသောစကားများသည် ထာဝရ ဘုရားနှင့်ဆန့်ကျင်ဘက်သာလျှင်ဖြစ်၍ နေ၏။ သူတို့သည်ဘုရားသခင်ကိုယ်တော် တိုင်ကိုလူသိရှင်ကြားစော်ကားကြ၏။-