အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
သုတ္တံကျမ်း။ 24:17 - Common Language Bible သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ Garrad Bible သင်၏ ရန် သူ လဲ သော အ ခါ၊ မ ရွှင် လန်း နှင့်။ လိမ့် ကျ သော အ ခါ လည်း၊ စိတ် မ သာ ယာ နှင့်။ Judson Bible သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ရန်သူလဲကျသောအခါ ဝမ်းမြောက်ခြင်းမရှိနှင့်။ သူခလုတ်တိုက်သောအခါ၌လည်း သင်၏စိတ်နှလုံးရွှင်လန်းခြင်းမရှိစေနှင့်။ |
အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
သို့ရာတွင်ငါဒုက္ခရောက်သောအခါ၊သူတို့အား လုံးပင် ဝမ်းမြောက်ကြလျက် ငါ့ကိုပြောင်လှောင်ရန်ဝိုင်းရံစုရုံးလာကြ၏။ ငါမသိသောသူတို့သည်ငါ့အားရိုက်နှက်ကြ၏။ မရပ်မစဲဘဲရိုက်နှက်ကြ၏။
ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
ငါ့ရန်သူများက``သင်၏ဘုရားသည် အဘယ်မှာနည်း''ဟုငါ့အားအဖန်တလဲလဲ မေးမြန်းသဖြင့် သူတို့၏စော်ကားမှုကြောင့်ငါသည်အလွန်ပင် စိတ်ပျက်အားလျော့ရပါ၏။
ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
သင်သည်ယုဒပြည်ရှိမိမိ၏ညီအစ်ကိုများ၊ ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရသည်ကိုကျိတ်၍၊ နှစ်ထောင်းအားရမဖြစ်သင့်။ သူတို့ဆုံးပါးပျက်စီးချိန်၌ဝမ်းမြောက် ဝမ်းသာမဖြစ်သင့်။ သူတို့စိတ်ဒုက္ခရောက်ကြသောအခါ၊ သင်သည်မဝါကြွားသင့်။
ငါတို့၏ရန်သူတို့၊ ငါတို့၏အပြစ်အခြေ အနေကြောင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြ နှင့်။ ငါတို့လဲကျသော်လည်းနောက်တစ်ဖန် ထဦးမည်။ ယခုအခါငါတို့သည်အမှောင် ထဲ၌နေထိုင်ရသော်လည်း ထာဝရဘုရား သည်ငါတို့အပေါ်သို့အလင်းရောင်သက် ရောက်စေတော်မူလိမ့်မည်။-