ကိုယ်တော်ရှင်၏တရားတော်မှအံ့သြဖွယ်ရာမားကို တေ"မြင်နိုင်ရန်ကွန်တော်မျိုး၏မက်စိတို့ကို ဖွင့်တော်မူပါ။
သုတ္တံကျမ်း။ 20:12 - Common Language Bible ကြားတတ်သော နားကို၎င်း၊ မြင်တတ်သော မျက်စိကို၎င်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။ Garrad Bible ကြား ရ သော နား၊ မြင် ရ သော မျက် စိ၊ နှစ် ပါး လုံး ကို ထာ ဝ ရ ဘု ရား ဖန် ဆင်း တော် မူ ပြီ။ Judson Bible ကြားတတ်သော နားကိုလည်းကောင်း၊ မြင်တတ်သောမျက်စိကိုလည်းကောင်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကြားတတ်သောနား၊ မြင်တတ်သောမျက်စိ၊ ဤအရာနှစ်ပါးစလုံးကို ထာဝရဘုရားဖန်ဆင်းတော်မူ၏။ |
ကိုယ်တော်ရှင်၏တရားတော်မှအံ့သြဖွယ်ရာမားကို တေ"မြင်နိုင်ရန်ကွန်တော်မျိုး၏မက်စိတို့ကို ဖွင့်တော်မူပါ။
ငါတို့၏နားများကိုဖန်ဆင်းတော်မူသော အရှင်သည် မြင်တော်မူနိုင်သည်မဟုတ်လော။
ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။-