လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
သုတ္တံကျမ်း။ 19:13 - Common Language Bible မိုက်သော သားသည် အဘဆင်းရဲစရာ အကြောင်းဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုဃ်းပေါက်နှင့်တူ၏။ Garrad Bible မိုက် မဲ သော သား သည်၊ အ ဘ ပျက် စီး ရာ အ ကြောင်း ဖြစ်၏။ ရန် ပြု တတ် သော မ ယား လည်း၊ အ စဉ် တစ် စက် စက် ကျ သော ရေ ပေါက် ကဲ့ သို့ ဖြစ်၏။ Judson Bible မိုက်သောသားသည် အဘဆင်းရဲစရာအကြောင်း ဖြစ်၏။ ရန်တွေ့တတ်သောမယားသည်လည်း၊ အစက်စက်ကျသော မိုးပေါက်နှင့်တူ၏။ မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသားသည် သူ့ဖခင်အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ ငြင်းခုံရန်တွေ့တတ်သောမယားသည်လည်း အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။ |
လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။
မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။