သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
သုတ္တံကျမ်း။ 17:28 - Common Language Bible မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။ Garrad Bible လူ မိုက် ကို ပင်၊ ဆိတ် ဆိတ် နေ သော်၊ ပ ညာ ရှိ ဟူ၍ လည်း ကောင်း၊ နှုတ် ပိတ် လျက် နေ သော်၊ ဉာဏ် ကောင်း သည် ဟူ၍ လည်း ကောင်း၊ ထင် မှတ် တတ် ကြ ၏။ Judson Bible မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးမိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိ၏နှုတ်ကိုပိတ်ထားလျှင် အသိဉာဏ်ရှိသောသူဟူ၍လည်းကောင်း မှတ်ယူခြင်းခံရတတ်၏။ |
သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
ပညာရှိသော သူ၏လျှာသည် ပညာအတတ်ကို တင့်တယ်စေတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။
သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
မိုက်သောသူသည် စကားများတတ်၏။ သို့သော် လည်း ဖြစ်လတံ့သောအရာကို လူသည်မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ ဖြစ်လတံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။
မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိ လစ်၍၊ ငါသည် လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။
အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့ သို့၊ စကားများသောအားဖြင့် မိုက်သော သူ၏အသံကို ကြားရ၏။