ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
သုတ္တံကျမ်း။ 16:26 - Common Language Bible အလုပ်လုပ်သောသူသည်၊ မိမိပစပ်တောင်း သောကြောင့်၊ မိမိအဘို့ လုပ်တတ်၏။ Garrad Bible လုပ် ကိုင် သူ သည်၊ ခံ တွင်း၏ နှိုး ဆော် ခြင်း ကြောင့်၊ လို ပတ် ရှိ သည့် အ တိုင်း လုပ် ကိုင် ရ လေ ၏။ Judson Bible အလုပ်လုပ်သောသူသည်၊ မိမိပါးစပ်တောင်းသောကြောင့်၊ မိမိအဖို့ လုပ်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း အလုပ်လုပ်သောသူ၏ပါးစပ်သည် သူ့ကိုတွန်းအားပေးသောကြောင့် သူ၏စိတ်ဆန္ဒသည် သူ့အတွက် ကြိုးပမ်းအားထုတ်တတ်၏။ |
ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း၊ အဆုံး၌ သေခြင်းသို့ ပို့သောလမ်းတမျိုးရှိ၏။
အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။