ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
သုတ္တံကျမ်း။ 14:25 - Common Language Bible မှန်သောသက်သေသည် သူ့အသက်ကို ကယ် တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသာကို သုံးတတ်၏။ Garrad Bible မှန် သော သက် သေ သည်၊ အ သက် ကို ကယ် ဆယ် တတ်၏။ မု သာ သုံး သော သူ မူ ကား၊ လှည့် စား တတ်၏။ Judson Bible မှန်သောသက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သောသက်သေမူကား၊ မုသားကို သုံးတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း မှန်ကန်သောသက်သေသည် အသက်ကိုကယ်နုတ်တတ်၏။ လိမ်လည်ထွက်ဆိုသောသူမူကား လိမ်လည်လှည့်ဖြားတတ်၏။ |
ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။-
အဆုံးစွန်သောကာလ၌မိမိတို့၏ကိလေ သာစိတ်အလိုသို့လိုက်၍ အသက်ရှင်သောသူ များပေါ်ပေါက်လိမ့်မည်ဖြစ်ကြောင်းသင်တို့ ဦးစွာနားလည်ရကြမည်။ ထိုသူတို့သည် သင်တို့အားပြက်ရယ်ပြုလျက်၊-