အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 12:27 - Common Language Bible

ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ပျင်း ရိ သော သူ သည်၊ ကိုယ့် အ ဖို့ အ မဲ ဟင်း လျာ ကို မ ရှာ။ လုံ့ လ ဝိ ရိ ယ မူ ကား၊ လူ၌ အ ဖိုး ထိုက် သော ဘ ဏ္ဍာ ဖြစ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

ပျင်း​ရိ​သော​သူ​သည် မု​ဆိုး​လုပ်​သော်​လည်း၊ ဖမ်း​ရ​သော​အ​ကောင်​ကို ကင်၍​မ​စား​ရ။ လုံ့​လ​ဝိ​ရိ​ယ​ပြု​သော​သူ၏​ဥ​စ္စာ​မူ​ကား၊ အ​ဖိုး​ထိုက်​ပေ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လုံ့လနည်း​သော​သူ​သည် မိမိ​လိုက်​သော​သားကောင်​ကို ကင်​၍​မ​စား​ရ​။ ဝီရိယ​ရှိ​သော​သူ​မူကား အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​ကို​ရ​တတ်​၏​။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 12:27
9 ပူးပေါင်းရင်းမြစ်များ  

သူ​တော်​ကောင်း​တစ်​ယောက်​၏​ဥစ္စာ​ပစ္စည်း အ​နည်း​ငယ်​သည် သူ​ယုတ်​မာ​အ​ပေါင်း​တို့​၏​စည်း​စိမ်​ချမ်း​သာ ထက် ပို​၍​တန်​ဖိုး​ရှိ​၏။


ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။


ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။


ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။


နှောင့်ရှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသော စည်းစိမ် ထက် ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာ အနည်းငယ်သည် သာ၍ကောင်း၏။


ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။


သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။


တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။


ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်း သော်လည်း၊ တဖန်နှုတ်၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ်၏။