သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 12:11 - Common Language Bible မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။ Garrad Bible လယ် ယာ လုပ် သော သူ သည်၊ အ စာ နှင့် ရောင့် ရဲ ရ၏။ အ လ ဟဿ နောက် သို့ လိုက် သွား သော သူ မူ ကား ဉာဏ် နှင့် ကင်း၏။ Judson Bible မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဉာဏ်ချို့တဲ့၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။ |
သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
ကျွန်တော်မျိုးသည်လျှပ်ပေါ်သူတို့နှင့် မပေါင်းမဖော်ပါ။ သူတော်ယောင်ဆောင်သူတို့နှင့်လည်းမည်သို့မျှ မဆက်ဆံပါ။
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။
ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။
လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
သူတို့သည်မိမိတို့ပဋိညာဉ်ပြုထားသည့် ဗာလဘုရား၏ဝတ်ကျောင်းမှ ငွေအခွက် ခုနစ်ဆယ်ကိုအဘိမလက်အားပေးကြ၏။ ထိုငွေဖြင့်သူသည်အခြေအနေမဲ့သူလူ ခုနစ်ဆယ်အား မိမိနောက်သို့လိုက်ရန်ငှား ရမ်းပြီးလျှင်၊-