သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
သုတ္တံကျမ်း။ 10:24 - Common Language Bible မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။ Garrad Bible လူ ဆိုး ၏ ကြောက် မက် ဖွယ် အ ရေး သည်၊ သူ၌ သင့် ရောက် လိမ့် မည်။ သူ တော် ကောင်း မူ ကား၊ အ လို ရှိ ရာ ပြည့် စုံ လိမ့် မည်။ Judson Bible မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင်ပေးတော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။ |
သူသည် ကြောက်မက်ဘွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီး သော သူသည် လာတတ်၏။
ကိုယ်တော်သည်မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။
ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။ သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။
ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံသောအခါ ငါရယ်မည်။ ကြောက်မက်ဖွယ်သော အမှုရောက်သော အခါ ငါပြက်ယယ်ပြုမည်။
သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊
မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
သင်တို့သည်ဋ္ဌားကိုကြောက်ကြသလော။ သင် တို့အားဋ္ဌားဖြင့်ခုတ်ဖြတ်မည့်သူတို့ကိုငါ ခေါ်ဆောင်ခဲ့မည်ဟုအရှင်ထာဝရဘုရား မိန့်ဆို၏။-
``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
``ငါသည်သင်တို့အားခိုကိုးရာမဲ့ဖြစ်စေ မည်မဟုတ်။ သင်တို့ထံသို့ငါလာဦးမည်။-
ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-