မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။
သုတ္တံကျမ်း။ 1:17 - Common Language Bible အကယ်စင်စစ်ငှက်မျက်မှောက်၌ ပိုက်ကွန်ကို ဖြန့်ထားလျှင် အကြံမမြောက်ရာ။ Garrad Bible မည် သည့် ငှက် ကို မ ဆို၊ ရှေ့ တွင် ပိုက် ကွန် ထောင် ထား လျှင်၊ အ ချည်း နှီး ဖြစ် ချေ၏။ Judson Bible အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ။ မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် မည်သည့်ကျေးငှက်၏မျက်စိရှေ့၌မဆို ပိုက်ကွန်ကိုထောင်လျှင် အလဟဿဖြစ်၏။ |
မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။
အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှါ စောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှါ ချောင်း မြောင်းတတ်ကြ၏။
ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-