ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့မယူခဲ့ ပါတကား။ သင်တို့သည်ငါမိန့်မှာသည့်အတိုင်း ထိုယဇ်ကောင်၏အသားကိုတဲတော်တွင်စား ရမည်'' ဟုဆိုလေ၏။
ဝတ်ပြု 6:30 - Common Language Bible သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။ Garrad Bible အ ကြင် အ သွေး ကို သန့် ရှင်း ရာ ဌာ န၌ အ ပြစ် ဖြေ ခြင်း ပြု ရန် တွေ့ ဆုံ ရာ တဲ တော် အ တွင်း ဆောင် သွင်း အံ့။ ထို အ သွေး ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ တိုင်း မီး ဖြင့် ကျွမ်း လောင် စေ။ မ စား ရ။ Judson Bible အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ်အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်းသို့ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကိုမစားရ။ မီးရှို့ရမည်။ မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။ |
ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့မယူခဲ့ ပါတကား။ သင်တို့သည်ငါမိန့်မှာသည့်အတိုင်း ထိုယဇ်ကောင်၏အသားကိုတဲတော်တွင်စား ရမည်'' ဟုဆိုလေ၏။
ဣသရေလအမျိုးသားတို့တွင်တစ်စုံ တစ်ယောက်သောသူသည် ပညတ်တော်များ ကိုအမှတ်မထင်ချိုးဖောက်၍အပြစ်ကူး လွန်ခဲ့သည်ရှိသော် အောက်ဖော်ပြပါပြဋ္ဌာန်း ချက်များကိုလိုက်နာရန် ထာဝရဘုရား သည်မောရှေမှတစ်ဆင့်ချမှတ်ပေးတော်မူ၏။
မီးရှို့ရာသကာမဟုတ်သည့်ထူးမြတ်သော သကာများအနက် သင်ပိုင်ဆိုင်သောသကာ များမှာဘောဇဉ်သကာ၊ အပြစ်ဖြေရာ သကာနှင့်အပြစ်ဒဏ်ပြေရာသကာတို့ ဖြစ်သည်။ ငါ့အားဆက်သသောသကာ ဟူသမျှသည်သင်နှင့်သင်၏သားများ ပိုင်ဆိုင်၏။-
ယုဒယဇ်ပုရောဟိတ်မင်းသည်တိရစ္ဆာန်များ ၏သွေးကိုအပြစ်ဖြေရာပူဇော်သကာ အဖြစ်ဖြင့် အလွန်သန့်ရှင်းရာဌာနတော် သို့ယူဆောင်ခဲ့သော်လည်းယဇ်ကောင်တို့ကို မူကားစခန်းအပြင်၌မီးရှို့ပစ်ရ၏။-