ထိုအခါရေဗက္က၏မောင်နှင့်မိခင်တို့က``မိန်း ကလေးအားကျွန်ုပ်တို့နှင့်အတူဆယ်ရက်ခန့် မျှနေစေပြီးမှသွားပါ'' ဟုဆိုကြ၏။
ဝတ်ပြု 25:29 - Common Language Bible မြို့ရိုးအတွင်း၌ရှိသောအိမ်ကိုရောင်းလျှင် ပိုင်ရှင်သည်တစ်နှစ်အတွင်းအိမ်ကိုပြန်၍ ဝယ်ယူခွင့်ရှိသည်။- Garrad Bible လူ တစ် ဦး သည် မြို့ ရိုး အ တွင်း တိုက် အိမ် တစ် လုံး ကို ရောင်း စား လျှင် ရောင်း သော နှစ် ကုန် လွန် သည့် တိုင် အောင် ရွေး နုတ် နိုင် ခွင့် ရှိ ၏။ Judson Bible မြို့ထဲ၌ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တစ်နှစ်အတွင်းတွင် ရွေးနုတ်သောအခွင့်ရှိစေရမည်။ မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် တံတိုင်းခတ်ထားသောမြို့ထဲရှိ နေအိမ်ကို ရောင်းလျှင် ရောင်းသောနေ့မှ တစ်နှစ်အတွင်း ရွေးနုတ်ခွင့်ရှိ၏။ ထိုအချိန်အတွင်း ရွေးနုတ်ရမည်။ |
ထိုအခါရေဗက္က၏မောင်နှင့်မိခင်တို့က``မိန်း ကလေးအားကျွန်ုပ်တို့နှင့်အတူဆယ်ရက်ခန့် မျှနေစေပြီးမှသွားပါ'' ဟုဆိုကြ၏။
အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။
သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။-
တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-