ယာကုပ်ကမူသုကုတ်အရပ်သို့သွား၍ ထို အရပ်တွင်သူနေထိုင်ရန်အိမ်နှင့်တိရစ္ဆာန် များအတွက် တင်းကုပ်များကိုတည်ဆောက် လေ၏။ ထိုကြောင့်ထိုအရပ်ကိုသုကုတ်ဟု ခေါ်တွင်လေသည်။
ဝတ်ပြု 23:42 - Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်သော အခါ၌ကိုယ်တော်သည် သူတို့အားသစ်ခက် တဲများတွင်နေထိုင်စေတော်မူကြောင်းကို သင်တို့၏အဆက်အနွယ်များသတိရ ကြစေခြင်းငှာ သင်တို့အပေါင်းသည်ခုနစ် ရက်ပတ်လုံးတဲများ၌နေထိုင်ရမည်။ ကိုယ် တော်သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် က ထုတ် ဆောင် ခဲ့ သည့် ကာ လ၊ တဲ များ၌ ငါ နေ စေ သည့် အ ကြောင်း သင် တို့ အ မျိုး အ စဉ် အ ဆက် သိ မှတ် ကြ စေ ရန်၊ ဣ သ ရေ လ တိုင်း ရင်း သား အ ပေါင်း တို့ သည် တဲ၌ ခု နစ် ရက် ပတ် လုံး နေ ကြ ရ မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သောအခါ၊ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ခုနစ်ရက်ပတ်လုံး ယာယီတဲ၌သာ နေထိုင်ရမည်။ အစ္စရေးအမျိုးသားတိုင်း ယာယီတဲ၌ နေထိုင်ရမည်။ |
ယာကုပ်ကမူသုကုတ်အရပ်သို့သွား၍ ထို အရပ်တွင်သူနေထိုင်ရန်အိမ်နှင့်တိရစ္ဆာန် များအတွက် တင်းကုပ်များကိုတည်ဆောက် လေ၏။ ထိုကြောင့်ထိုအရပ်ကိုသုကုတ်ဟု ခေါ်တွင်လေသည်။
အကျွန်ုပ်တို့သည်တဲရှင်များတွင်နေထိုင် ကြပါသည်။ မိမိတို့ဘိုးဘေးယောနဒပ် ၏ပညတ်ကို အကြွင်းမဲ့လိုက်နာခဲ့ကြပါ ပြီ။-
``ငါသည်ပရောဖက်တို့အားဗျာဒိတ်ပေး ၍ ရူပါရုံများစွာကိုမြင်စေခဲ့ပြီ။ သူတို့ အားဖြင့်ငါ၏လူမျိုးတော်ကိုသတိပေး ခဲ့ပြီ။-
သို့ရာတွင်သင်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ငါ ထာဝရဘုရားသည် သဲကန္တာရ၌သင် တို့တဲများနှင့်နေထိုင်သည်နည်းတူ ယခု တစ်ဖန်တဲများ၌နေထိုင်စေဦးမည်။
ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ဆင်ယင် ကျင်းပရမည်။ သင်တို့၏အဆက်အနွယ် တို့သည်ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။-
ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။-