လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။-
ဝတ်ပြု 23:38 - Common Language Bible ဤပွဲတော်များသည်ပုံမှန်ဥပုသ်နေ့များ အပြင်ကျင်းပရသောပွဲတော်များဖြစ်၏။ ဤပူဇော်သကာများသည် ထာဝရဘုရား အားပုံမှန်ပူဇော်ခြင်း၊ သစ္စာဝတ်ဖြေရာ ပူဇော်ခြင်း၊ စေတနာအလျောက်ပူဇော် ခြင်းများအပြင်ပူဇော်ရသောပူဇော် သကာများဖြစ်သည်။) မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ဥပုသ်နေ့ကိုစောင့်ထိန်းသည်သာမက၊ သင်တို့၏ပူဇော်သက္ကာများ၊ သင်တို့၏ကတိသစ္စာအလျောက်ပူဇော်သောအရာအားလုံး၊ သင်တို့၏စေတနာအလျောက်ပူဇော်သောအရာအားလုံးတို့ကို ထာဝရဘုရားအား ပူဇော်ရမည်။ |
လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားသေဘေးမှကယ်ဆယ်တော်မူ၍ အရေးရှုံးနိမ့်စေတော်မမူခဲ့သောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည် အသက်ရှင်သူတို့၏အလင်းထဲမှာ ဘုရားသခင်၏ရှေ့တော်၌သွားလာပါ၏။
ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-
(ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။-
သင်တို့ကောက်သိမ်းပြီးသောအခါ သစ်ခက်နေ ပွဲတော်ကိုသတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှ အစပြု၍ ခုနစ်ရက်တိုင်တိုင်ကျင်းပရမည်။ ပွဲတော်ပထမနေ့ကိုအထူးနားရက်အဖြစ် သတ်မှတ်ရမည်။-
ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။
သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-