ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။-
ဝတ်ပြု 23:32 - Common Language Bible ထိုလကိုးရက်နေဝင်ချိန်မှဆယ်ရက်နေ့နေဝင် ချိန်အထိအထူးနားရက်အဖြစ်သတ်မှတ်ရ မည်။ ထိုရက်အတွင်းမည်သည့်အစားအစာ ကိုမျှမစားရ။ Garrad Bible နား နေ ရာ ဥ ပုသ် နေ့ ဖြစ် သ ဖြင့် ထို လ န ဝ မ ညဉ့် ဦး က စ ၍ ဒ သ မ ညဉ့် ဦး တိုင် အောင် ခြိုး ခြံ စွာ ပြု လျက် ဥ ပုသ် စောင့် ကြ ရ မည် ဟု မိန့် တော် မူ ၏။ Judson Bible ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဉ့်ဦးမှစ၍ နက်ဖြန်ညဉ့်ဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤလကိုးရက်နေ့ နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ ဥပုသ်နေ့ကို သင်တို့စောင့်ထိန်းရမည်”ဟု မိန့်တော်မူ၏။ |
ထိုနောက်ငါသည်အဖိတ်နေ့နေဝင်ချိန်မှ ဥပုသ်နေ့ကုန်အထိမြို့တံခါးများကိုပိတ် ထားရန်အမိန့်ပေး၏။ ဥပုသ်နေ့၌အဘယ် ကုန်စည်ကိုမျှမြို့ထဲသို့မသွင်းစေရန်ငါ သည်လူအချို့တို့အားမြို့တံခါးများ တွင်အစောင့်ချထား၏။-
ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
အို ဘုရားသခင်၊ ကျွန်တော်မျိုးပူဇော်သောယဇ်သည်နှိမ့်ချသော စိတ်နှလုံးပင်ဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်နှိမ့်ချ၍နောင်တရသော စိတ်နှလုံးကိုပစ်ပယ်တော်မူမည်မဟုတ်ပါ။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။
သင်တို့သည်အောက်တွင်ဖော်ပြပါပညတ်ကို ထာဝစဉ်လိုက်နာစောင့်ထိန်းရမည်။ သတ္တမလ၊ ဆယ်ရက်နေ့တွင်ဣသရေလအမျိုးသား တို့နှင့် သူတို့ထံ၌နေထိုင်သောလူမျိုးခြား တို့သည် အစာရှောင်၍မည်သည့်အလုပ်ကို မျှမလုပ်ရ။-
ထိုနေ့သည်အလွန်သန့်ရှင်းသောနေ့ဖြစ်သည်။ ထိုနေ့၌မည်သည့်အလုပ်ကိုမျှမလုပ်ရ။ ဤ ပညတ်ကိုသားစဉ်မြေးဆက်စောင့်ထိန်းရမည်။-
သင်တို့၏အဆက်အနွယ်များသည်မည်သည့် အရပ်တွင်နေထိုင်သည်မဆို ဤပညတ်ကို စောင့်ထိန်းရမည်။-
သစ်ခက်နေပွဲတော်သည်သတ္တမလ၊ တစ်ဆယ့် ငါးရက်နေ့မှအစပြု၍ခုနစ်ရက်ပတ်လုံး ကျင်းပသောပွဲတော်ဖြစ်သည်။-
``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။
ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။
သို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။-