အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-
ဝတ်ပြု 16:33 - Common Language Bible အလွန်သန့်ရှင်းရာဌာနတော်အပါအဝင် ထာဝရဘုရားစံတော်မူရာတဲတော်၊ ယဇ် ပလ္လင်၊ ယဇ်ပုရောဟိတ်များနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အတွက် သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။- Garrad Bible သန့် ရှင်း ရာ ဌာ န တော်၊ တွေ့ ဆုံ ရာ တဲ တော်၊ ပူ ဇော် ရာ ပ လ္လင် တော် ပြစ် အ ဖို့ လည်း ကောင်း၊ ပ ရော ဟိတ် များ နှင့် စည်း ၀ေး သော လူ ပ ရိ သတ် ဥဿုံ ပြစ် အ ဖို့ လည်း ကောင်း ဖြေ ခြင်း ကို ပြု ရ မည်။ Judson Bible သန့်ရှင်းရာဌာနတော်အဖို့၊ ပရိသတ်စည်းဝေးရာတဲတော်အဖို့၊ ယဇ်ပလ္လင်အဖို့၊ ယဇ်ပုရောဟိတ်များအဖို့၊ ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကို ပြုရမည်။ မြန်မာ့စံမီသမ္မာကျမ်း အသန့်ရှင်းဆုံး သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ယဇ်ပုရောဟိတ်များနှင့်လူအစုအဝေးအပေါင်းတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ |
အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-
အာရုန်သည်မိမိ၏မိသားစုအတွက် အပြစ် ဖြေရာပူဇော်သကာအဖြစ်နွားထီးကို ပူဇော်သောအခါ၊-
ဤနည်းအားဖြင့်အာရုန်သည် ဣသရေလ အမျိုးသားတို့၏မသန့်စင်ခြင်းနှင့်အပြစ် အမျိုးမျိုးတို့ကြောင့် အလွန်သန့်ရှင်းရာဌာန တော်အတွက် သန့်စင်ခြင်းဝတ်ကိုဆောင်ရွက်ရ မည်။ တဲတော်သည်မသန့်စင်သောစခန်းအလယ် တွင်တည်ရှိသဖြင့် တဲတော်အတွက်သန့်စင် ခြင်းဝတ်ကိုဆောင်ရွက်ရမည်။-
သူသည်သီးသန့်နေရာတွင်ရေချိုးပြီးနောက် မိမိ၏အဝတ်အင်္ကျီများကိုဝတ်ဆင်ရမည်။ ထို့နောက်သူသည်ယဇ်ပလ္လင်သို့ထွက်သွား၍ မိမိ၏အပြစ်နှင့်ဣသရေလအမျိုးသား တို့၏အပြစ်များအတွက် မီးရှို့ရာယဇ်ကို ပူဇော်ရမည်။-
သူသည်မိမိအပြစ်များနှင့် မိမိ၏ မိသားစုအပြစ်များဖြေရန် နွားထီး ကိုပူဇော်ရမည်။-