သင်တို့သည်အလွန်ကြီးမားကျယ်ဝန်း သောနယ်မြေတွင်ခမ်းနားသိုက်မြိုက်စွာ အုပ်စိုးလျက် နေသူဘုရင်တစ်ပါးကို တွေ့မြင်ရကြလိမ့်မည်။-
လုကာ 9:29 - Common Language Bible ဆုတောင်းပတ္ထနာပြုလျက်နေတော်မူစဉ်မျက်နှာ တော်၏အဆင်းအရောင်သည်ထူးခြားလာလျက်၊ အဝတ်တော်သည်ဖြူဖွေးတောက်ပလာ၏။- Garrad Bible ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ ပြီး လျှင် ပ ဌ နာ ပြု စဉ် မျက် နှာ တော် အ ဆင်း ပြောင်း လျက် အ ဝတ် တော် ဖြူ ဆွတ် တောက် ပ လျက် ရှိ တော် မူ ရာ၊ Judson Bible ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ဆုတောင်းလျက်နေတော်မူစဉ် မျက်နှာတော်၏အဆင်းသဏ္ဌာန်သည် ထူးခြားလာ၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုသည် ဆုတောင်းတော်မူစဉ် မျက်နှာတော်၏အသွင်အပြင်သည် ပြောင်းလဲ၍ အဝတ်တော်သည်လည်း ဖြူဖွေးတောက်ပလာ၏။ မြန်မာ ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- |
သင်တို့သည်အလွန်ကြီးမားကျယ်ဝန်း သောနယ်မြေတွင်ခမ်းနားသိုက်မြိုက်စွာ အုပ်စိုးလျက် နေသူဘုရင်တစ်ပါးကို တွေ့မြင်ရကြလိမ့်မည်။-
ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။-
ထိုနောက်တပည့်တော်နှစ်ယောက်သည်ကျေးတောသို့ သွားကြစဉ် ကိုယ်တော်သည်ခြားနားသောအသွင် ကိုဆောင်လျက်သူတို့အားကိုယ်ထင်ပြတော်မူ၏။-
လူအပေါင်းတို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြပြီး သောအခါ သခင်ယေရှုသည်လည်းဗတ္တိဇံမင်္ဂလာ ကိုခံယူတော်မူ၏။ ကိုယ်တော်သည်ဆုတောင်း ပတ္ထနာပြုလျက်နေတော်မူစဉ်ကောင်းကင် ပွင့်ဟ၍၊-
သို့ရာတွင်ကိုယ်တော်သည်အလေ့တော်ရှိသည် အတိုင်းတောကန္တာရသို့ထွက်ခွာ၍ဆုတောင်း တော်မူ၏။
ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
အခါတစ်ပါး၌ကိုယ်တော်သည်တစ်ကိုယ်တည်း ဆုတောင်းပတ္ထနာပြုလျက်နေတော်မူသောအခါ တပည့်တော်တို့သည်ကိုယ်တော်၏ထံတော်သို့လာ ကြ၏။ ကိုယ်တော်က ``လူတို့သည်ငါ့ကိုအဘယ် သူဟုဆိုကြသနည်း'' ဟုမေးတော်မူ၏။
လူနှစ်ယောက်တို့သည်ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောလျက်နေ၏။ ထိုသူ တို့သည်ကားမောရှေနှင့်ဧလိယဖြစ်ကြ၏။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
တရားလွှတ်တော်တွင်ထိုင်လျက်နေကြသော သူအပေါင်းတို့သည် သတေဖန်ကိုအာရုံစိုက် ၍ကြည့်သောအခါ သူ၏မျက်နှာသည်ကောင်း ကင်တမန်၏မျက်နှာနှင့်တူသည်ကိုတွေ့မြင် ရကြ၏။
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-