သို့ဖြစ်၍အစေခံသည်ပရောဖက်တို့အား ထို အစားအစာကိုတည်ခင်းကျွေးမွေးရာထာဝရ ဘုရားဗျာဒိတ်တော်နှင့်အညီ ထိုသူတို့အား လုံးဝစွာစားရကြပြီးနောက်စားစရာ အချို့ပင်ကျန်ကြွင်းသေးသည်။
လုကာ 9:17 - Common Language Bible လူအပေါင်းတို့သည်အဝစားရကြ၏။ သူတို့ ၏စားကြွင်းစားကျန်များကိုကောက်သိမ်းရာ တောင်းတစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။ Garrad Bible ထို သူ ရှိ သ မျှ စား၍ ဝ ကြ သည့် နောက် စား ကြွင်း အ ကျိုး အ ပဲ့ ကို ဆွဲ တောင်း တစ် ဆယ့် နှစ် တောင်း အ ပြည့် ကောက် ရ ကြ၏။ Judson Bible လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရိသတ်အားလုံး ဝလင်စွာ စားကြပြီး တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့များကို တောင်းထဲသို့ ကောက်သိမ်းရာ ဆယ့်နှစ်တောင်းအပြည့်ရကြ၏။ မြန်မာ လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ်တောင်း အပြည့်ရကြ၏။ |
သို့ဖြစ်၍အစေခံသည်ပရောဖက်တို့အား ထို အစားအစာကိုတည်ခင်းကျွေးမွေးရာထာဝရ ဘုရားဗျာဒိတ်တော်နှင့်အညီ ထိုသူတို့အား လုံးဝစွာစားရကြပြီးနောက်စားစရာ အချို့ပင်ကျန်ကြွင်းသေးသည်။
ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။
ကိုယ်တော်သည်မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို ယူတော်မူ၏။ ထိုနောက်ကောင်းကင်သို့မျှော်ကြည့် လျက်ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း ၍ မုန့်နှင့်ငါးကိုဖဲ့တော်မူပြီးလျှင်လူတို့အား ဝေငှရန်အတွက်တပည့်တော်တို့အားပေးအပ် တော်မူ၏။-