နန်းစံသုံးဆယ့်ကိုးနှစ်မြောက်၌အာသသည် နူနာစွဲသဖြင့် ခြေမစွမ်းမသန်ဖြစ်သောအခါ ထာဝရဘုရားအားဆည်းကပ်မည့်အစား ဆေး သမားများကိုသာလျှင်ဆည်းကပ်လေ၏။-
လုကာ 8:43 - Common Language Bible အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။- Garrad Bible ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ လျက် မည် သူ မျှ ကု သ၍ မ ရ သော မိန်း မ တစ် ယောက် သည်၊ Judson Bible ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည် ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။ မြန်မာ ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- |
နန်းစံသုံးဆယ့်ကိုးနှစ်မြောက်၌အာသသည် နူနာစွဲသဖြင့် ခြေမစွမ်းမသန်ဖြစ်သောအခါ ထာဝရဘုရားအားဆည်းကပ်မည့်အစား ဆေး သမားများကိုသာလျှင်ဆည်းကပ်လေ၏။-
လူတို့၏အကူအညီသည်အချည်းနှီးပင် ဖြစ်သောကြောင့်ရန်သူများကိုတိုက်ခိုက်နိုင်ရန် ကျွန်တော်မျိုးအားကူမတော်မူပါ။
သေမျိုးဖြစ်သောသူတို့အား ယုံကြည်ကိုး စားမှုမပြုကြနှင့်။ သူတို့သည်အဘယ် မျှတန်ဖိုးရှိပါသနည်း။
ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံများကို လှူကြပေသည်။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပေးလှူ သတည်း'' ဟုမိန့်တော်မူ၏။
နတ်ပူးဝင်သည့်အခါတိုင်းသူသည်မြေပေါ်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှအမြှုပ်များထွက် လျက်အံသွားများကြိတ်တတ်ပါသည်။ ထိုနောက် သူ၏ကိုယ်သည်တောင့်မာလာပါသည်။ အရှင်၏ တပည့်များအားထိုနတ်ကိုနှင်ထုတ်ပေးရန် အကျွန်ုပ်တောင်းပန်ပါသော်လည်းသူတို့သည် မတတ်နိုင်ကြပါ'' ဟုကိုယ်တော်အားလျှောက် ထား၏။
အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။-
ဤသို့တောင်းပန်ရသည့်အကြောင်းမှာသူ၏ တစ်ဦးတည်းသောတစ်ဆယ့်နှစ်နှစ်အရွယ် သမီးသည်သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ ကိုယ်တော်သည်သူနှင့်အတူလိုက်သွားသော အခါလူအပေါင်းတို့သည်ကိုယ်တော်ကို တိုးဝှေ့မိကြ၏။-
ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။-
ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။-
သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။-
တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
အံ့သြဖွယ်ကောင်းအောင်ရောဂါပျောက်ကင်း သွားသူကား အသက်လေးဆယ်ကျော်ရှိ သတည်း။