ထိုသူတို့သည်လှေများကိုကမ်းတွင်ဆိုက်ကပ် ပြီးနောက် ရှိသမျှတို့ကိုစွန့်၍နောက်တော် သို့လိုက်ကြ၏။
လုကာ 5:28 - Common Language Bible ထိုသူသည်ရှိသမျှတို့ကိုစွန့်ပြီးလျှင်ထ ၍နောက်တော်သို့လိုက်လေ၏။ Garrad Bible ထို သူ သည် ထ ပြီး လျှင် အ လုံး စုံ စွန့် ခဲ့၍ နောက် တော် က လိုက်၏။ Judson Bible ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့လိုက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ရှိသမျှတို့ကိုစွန့်ပြီး ထ၍ နောက်တော်သို့လိုက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လေဝိသည် ရှိသမျှကိုထားခဲ့ပြီးလျှင် ထ၍ ယေရှုနောက်တော်သို့ လိုက်လေ၏။ မြန်မာ ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့လိုက်လေ၏။- |
ထိုသူတို့သည်လှေများကိုကမ်းတွင်ဆိုက်ကပ် ပြီးနောက် ရှိသမျှတို့ကိုစွန့်၍နောက်တော် သို့လိုက်ကြ၏။
ထိုနောက်လေဝိသည်မိမိ၏အိမ်တွင်ကိုယ်တော် အတွက်ဧည့်ခံပွဲကြီးကျင်းပ၏။ ဧည့်သည်များ တွင်အခွန်ခံသူနှင့်အခြားသူအမြောက်အမြား ပါဝင်ကြ၏။-