ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
လုကာ 4:28 - Common Language Bible တရားဇရပ်ရှိလူအပေါင်းတို့သည်ထိုစကား ကိုကြားသောအခါပြင်းစွာအမျက်ထွက်ကြ၏။- Garrad Bible ဓ မ္မာ ရုံ၌ ရှိ သ မျှ သော သူ တို့ ကြား သ ဖြင့် အ မျက် ထွက်၍၊ Judson Bible တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊- မြန်မာ့စံမီသမ္မာကျမ်း ဝတ်ပြုစည်းဝေးကျောင်းထဲ၌ရှိသောသူအားလုံးတို့သည် ထိုစကားကိုကြားသောအခါ ပြင်းစွာဒေါသထွက်သဖြင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝတ်ပြုဆောင်၌ရှိသော တရားနာပရိသတ်အားလုံးသည် ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်ကြ၏။ မြန်မာ တရားဇရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာ အမျက်ထွက်သည်နှင့်၊- |
ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။
ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
ဟေရုဒ်မင်းသည်မိမိအားပညာရှိတို့လှည့်စား သွားကြကြောင်းကိုသိလျှင် ပြင်းစွာအမျက်ထွက် လေ၏။ သို့ဖြစ်၍ထိုသူတို့ထံမှစုံစမ်းသိရှိရ သည့်အတိုင်းကြယ်ပေါ်ထွန်းရာအချိန်ကာလ ကိုထောက်လျက် ဗက်လင်မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများရှိနှစ်နှစ်အရွယ်နှင့်နှစ်နှစ်အောက် သူငယ်အပေါင်းတို့ကိုသတ်စေ၏။
ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။
ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။-
ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ထိုစကားကိုကြားသောအခါ ဒေါသချောင်း ချောင်းထွက်၍အံသွားကြိတ်ခြင်းကိုပြုကြ၏။-