သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။-
လုကာ 4:14 - Common Language Bible သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။- Garrad Bible ယေ ရှု သည် ဝိ ညာဉ် တော်၏ တန် ခိုး တော် နှင့်၊ ဂါ လိ လဲ နယ် သို့ ပြန် ကြွ၍ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ကိုယ် တော့် အ ကြောင်း သ တင်း ကြေ ငြာ လျက်၊ Judson Bible ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။ မြန်မာ ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည်သို့ပြန်၍၊ သတင်းတော်သည် ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ တရားဇရပ်တို့၌ ဆုံးမဩဝါဒပေးတော်မူ၍၊- |
သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။-
သို့ရာတွင်ထိုသူတို့သည်အထံတော်မှထွက် သွားပြီးလျှင် ကိုယ်တော်၏သတင်းတော်ကိုထို ဒေသတွင်ပျံ့နှံ့ကျော်ကြားစေကြ၏။
ယောဟန်အကျဉ်းခံရပြီးနောက်သခင်ယေရှုသည် ဂါလိလဲပြည်သို့ကြွလာ၍ ``ချိန်းချက်တော်မူရာ အချိန်ကျပြီ။ ဘုရားသခင်၏နိုင်ငံတော်တည် လုနီးပြီ။ နောင်တရ၍သတင်းကောင်းကိုခံယူ ယုံကြည်ကြလော့'' ဟုဘုရားသခင်ထံမှ သတင်းကောင်းကိုဟောပြောတော်မူ၏။
ချက်ချင်းပင်ကိုယ်တော်၏သတင်းသည် ဂါလိလဲ ပြည်တစ်ပြည်လုံးရှိကျေးလက်တောရွာအပေါင်း သို့ပြန့်သွားလေသည်။
မာရ်နတ်သည်ဤသို့စုံစမ်းသွေးဆောင်မှုအလုံးစုံ ကိုပြုပြီးသောအခါ ကိုယ်တော်၏ထံတော်မှ ထွက်ခွာ၍အခါအခွင့်ကောင်းကိုစောင့်နေ၏။
``ပရောဖက်သည်မိမိနေရင်းပြည်ရွာ၌ ဂုဏ်အသရေမရှိ'' ဟုသခင်ယေရှုကိုယ် တော်တိုင်မိန့်တော်မူခဲ့ဖူးသည့်အတိုင်း နှစ် ရက်မျှကြာသော်ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲပြည်သို့ကြွတော်မူ၏။-
ဗတ္တိဇံတရားကိုယောဟန်ဟောပြောပြီးသည့် နောက် ဂါလိလဲပြည်မှအစပြု၍ ယုဒပြည် တစ်လျှောက်လုံးတွင်ဖြစ်ပျက်ခဲ့သည့်အမှု အရာများအကြောင်းကိုလည်းကောင်း၊-